ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ရုံးပြန်လည်ဖွင့်လှစ်တဲ့နေ့တွင်လျှောက်ထားသူ လူ ၄၀၀ ကျော်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့က နိုင်ငံကူးလက်မှတ် ရုံးကို ဖေဖော်ဝါရီ ၂၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့သိရတယ်။

ဟားခါး နိုင်ငံကူးလက်မှတ် ရုံးဖွင့်လှစ်တဲ့နေ့တွင် လူ ၄၀၀ကျော်က ဝင်ရောက်လျှောက်ထားပြီး တစ်ရက်မှာ လူ တစ်ရာသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသွားမယ်လို့သိရပြီး တစ်ရက်ကြိုတင်လျှောက်ထားရမယ်လို့သိရတယ်။

စစ်ကောင်စီက တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ်ရုံးကို ယခုနှစ် ဇန်နဝါရီလတွင်ပိတ်ထားပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခဟာ အရင်က တစ်ဦးလျှင် လေးသောင်းကျပ်သာကုန်ကျပေမယ့် ယခုတွင်မူ ငါးသောင်းကျပ်ကုန်ကျမှာဖြစ်ကြောင်းသိရတယ်။

ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ရုံးတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းဘက်ကလည်းဝင်ရောက်လျှောက်ထားကြပေမယ့် ပြည်နယ်ပြင်ပလူတွေကို လက်မှတ်ပြုလုပ်ခပိုယူကြကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းမှုကြောင့် RFA မြန်မာပိုင်းအစီအစဉ်လုံးဝရပ်နားတော့မယ်

၉၊မေလ၊ ၂၀၂၅ Zalen လွပ်လပ်သောအာရှအသံ ( FRA) မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကို ရန်ပုံငွေပယ်ဖျက်ရုပ်သိမ်းခံရမှု ကြောင့် လုံးဝရပ်နားတော့မှာဖြစ်ကြောင်း RFA က ဒီကနေ့မေလ ၉ ရက်နေ့မှာတရားဝင်ကြေညာထားပါ တယ်။ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ မတ်လ ...

ဆက်ဖတ်ရန်