ဟားခါးမြို့ မှာ နယ်ကျော်ပြီး နိုင်ငံကူးလက်မှတ်လုပ်ခွင့်ကို ကန့်သတ်ပိတ်ပင်

ချစ်ခြင်းနွေ/ ၁၂၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ တခြားတိုင်းဒေသတွေကနေ နယ်ကျော်ပြီး လာရောက်ပြုလုပ်တဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ကို အောက်တိုဘာ ၁၂ ရက်နေ့ ဒီနေ့ကစပြီး ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်က ဟားခါး နိုင်ငံကူးလက်မှတ်ရုံးမှာ ချင်းပြည်နယ်အတွင်း နေထိုင်သူတွေသာမက အနီးအနားက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကပါ လာရောက်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။

Zalen ad

အခုလို နယ်ကျော်လုပ်ခွင့်ကို ပိတ်ပင်လိုက်တာကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ ဟားခါးမြို့မှာ စောင့်ဆိုင်းနေတဲ့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်ကျော်ပြီး ပတ်ပို့စ်လာလုပ်သူတွေဟာ တစ်ဦးကို ငွေကျပ် တစ်သိန်း နယ်ကျော်ခွင့်အတွက် ပေးဆောင်ရပြီး Booking ယူဖို့ လူတစ်ဦးကို နှစ်သောင်းကျပ် ပေးဆောင်ရတယ်လို့ နိုင်ငံကူးလက်မှတ်လာ လုပ်သူတွေက ဆိုပါတယ်။

“ ကျွန်တော်တို့ တိုင်းရဲ့ ပတ်ပို့စ်ရုံးကို သွားလုပ်ဖို့ကတော့ လမ်းပမ်းဆက်သွယ်ရေးက မလွယ်ဘူးလေ။ အဲ့တော့ ကျွန်တော်တို့နဲ့ နီးနီးနားနား ဟားခါးရုံးမှာ လုပ်ဖြစ်ကြတယ်။ အခု ဟားခါးရောက်တော့မှ နယ်ကျော် မရတော့ဘူးဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ။ ” လို့ နယ်ကျော်ပြီး ပတ်ပို့စ်လာလုပ်သူတစ်ဦးက ပြောပါတယ်။

နယ်ကျော်လုပ်ခွင့်ကို ဘာကြောင့် ပိတ်ပင်တာလဲဆိုတာကို သေချာမသိရဘူးလို့ ပတ်ပို့စ်လုပ်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

“ ကျွန်မကို လာပြီး အကူညီတောင်းတဲ့သူတွေ ဒီနေ့ ရောက်တယ်။ စစ်ကိုင်းဘက်ကပေါ့၊ ရောက်ပြီးမှ လုပ်မရတော့ဘူးဆိုတော့ သူတို့လည်း အားပျက်ကျတယ်။ မနက်ကျရင်တော့ ပတ်ပို့စ်ရုံးကို သွားပြီး ထပ်စုံစမ်းရဦးမယ်။ ဘာကြောင့် ဒီလို ပိတ်တာလဲမသိရဘူး။ ” လို့ ပတ်ပို့စ်လုပ်သူတွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

ဟားခါးမြို့က ပတ်ပို့စ်ရုံးမှာ တစ်နေ့ကို လူအယောက် ၁၀၀ အတွက်သာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေး နေတာဖြစ်ပြီး ပတ်ပို့စ်တစ်ခါလုပ်ရင် နယ်ကျော်ခ တစ်သိန်း၊ Booking အတွက် နှစ်သောင်းနဲ့  ပတ်ပို့စ် ရုံးအတွင်းမှာ တစ်သိန်းဝန်းကျင် ကုန်ကျတယ်လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

လူငယ်တွေကို တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံကောင်စီ ကြေညာ၊ ဒေသခံများမကျေနပ်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ CDF-တွန်းဇံဇိုတပ်ဖွဲ့ နဲ့ ချင်းလဲန်ကောင်စီ (CC) တပ်ပေါင်းစုအတွက် တွန်းဇံမြို့နယ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။ တွန်းဇံမြို့နယ်အတွင်း နေထိုင်တဲ့သူတွေ၊ ...

ဆက်ဖတ်ရန်