ဟားခါးရေပေးဝေရေးလုပ်ကိုင်တဲ့ကုမ္မဏီက လျော်ကြေးငွေပေးမယ့်ရက်ချိန်းပြန်ရွေ့ပေးဖို့တောင်းဆိုလို့ ရက်ချိန်းပြန်ရွေ့

ဟားခါးရေပေးဝေရေးလုပ်ကိုင်တဲ့ကုမ္မဏီက လျော်ကြေးငွေပေးမယ့်ရက်ချိန်းပြန်ရွေ့ပေးဖို့တောင်းဆိုလို့ ရက်ချိန်းပြန်ရွေ့

ဟားခါးမြို့တွင်း ရေပေးဝေရေးလုပ်ငန်းတာဝန်ယူတည်ဆောက်တဲ့ကုမ္မဏီနှစ်ခုကို သတ်မှတ်ချိန်တွင်းစီမံကိန်းမပြီးနိုင်သဖြင့် ပြည်နယ်အစိုးရက ဇူလိုင်လ ၁၃ ရက်နောက်ဆုံးလျော်ကြေးပေးဖို့ဆုံးဖြတ်ထားသော်လည်း ကုမ္မဏီဘက်က ဇူလိုင် ၃၁ ရက်ထိထပ်စောင့်ပေးရန်တောင်းဆိုတာကြောင့် ရက်ချိန်းပြန်ရွေ့လိုက်တယ်လို့ ဝန်ကြီး ဦးစိုးထက်ထံမှသတင်းရရှိပါတယ်။

ဟားခါးမြို့တွင်း ရေပေးဝေရေးလုပ်ကိုင်တဲ့ K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က စီမံကိန်းနောက်ကျဒဏ်ကြေး ၇၃,၈၅၄,၇၅၁ ဒသမ ၈၀ ကျပ် နဲ့ စာရင်းစစ်မှတွေ့ရှိတဲ့ ပိုထုတ်ငွေ ကျပ် သန်း ၂၂၂၇ ဒသမ ၇၆၃ ကို ပြန်လည်ပေးသွင်းရန် ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ဒုတိယအကြိမ်အကြောင်းကြားထားပါတယ်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က “သူတို့ဘက်က အဆင်သင့်မဖြစ်သေးလို့ ဇူလိုင် ၃၁ ရက်ထိထပ်စောင့်ပေးဖို့ စာတင်ထားတယ်။ ဒီတစ်ကြိမ်ကနောက်ဆုံးအကြိမ်ပဲ။ တရားစွဲဖို့က ထွေအုပ်နဲ့ စာချုပ်ချုပ်ထားတယ်ဆိုတော့ သူတို့ကပဲ တရားစွဲမယ်။ အခုရေပေးဝေရေးအတွက် စည်ပင်က ကွင်းဆင်းလေ့လာနေတယ်။ ဒီနှစ် ဒီဇင်ဘာလမကုန်ခင်ရေပေးနိုင်အောင်ကြိုးစားမယ်” လို့ပြောပါတယ်။

Zalen ad

ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ရန်ပုံငွေ ကျပ်သန်း (၂၉၀၀) ထည့်သွင်းလျာထားပြီး ၂၀၁၆ ခုနှစ်ကစပြီး K&DL ကုမ္မဏီ နဲ့ မိုးကုတ်ရွှေရည်ကုမ္မဏီတို့က တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လကုန်တွင်အားလုံးပြီးစီးရမယ်လို့သတ်မှတ်ထားသော်လည်း တတိယအကြိမ်ထိ လုပ်ငန်းသက်တမ်းတိုးရန်တောင်းဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်လုပ်ငန်းမပြီးဆုံးပါက ဒဏ်ကြေး ၂ ဆပေးဆောင်ရန် ပြည်နယ်အစိုးရကသဘောတူဆုံးဖြတ်ခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်