ဟားခါးမြို့တွင်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ကျပ်တစ်သိန်းဆုချီးမြှင့်မယ်

ရေမြောင်းထဲက အမှိုက်များ ဟားခါးမြို့တွင်းလမ်းမများပေါ်တွင် ပြန်ဆယ်နေရစဉ် (ဓာတ်ပုံ -Shing Mang Sniper)

ဟားခါးမြို့တွင်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ကျပ်တစ်သိန်းဆုချီးမြှင့်မယ်

ဟားခါးမြို့တွင် အမှိုက်ကို သတ်မှတ်ထားတဲ့နေရာမဟုတ်ဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို တိုင်ကြားရင် ဒဏ်ငွေရဲ့ ၅၀ ရာခိုင်နှုန်း ကျပ်တစ်သိန်း ဆုချီးမြှင့်မယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီကကြေညာထားပါတယ်။

ယင်းကဲ့သို့ ဒဏ်ခတ်မယ့်အစီအစဉ်ကို ကြေညာစာထုတ်တဲ့နေ့ ဇွန်လ ၂၀ ရက်ကနေ စတင်နေပြီလို့သိရပါတယ်။

Photo: Shing Mang Sniper

ဟားခါးမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးတမ်အောင်ရှိန်းက “မြို့ထဲမှာအမှိုက်ပုံးတော့မချပေးထားဘူး။ ဒါပေမယ့် နေ့တိုင်း စည်ပင်ကားနဲ့ပတ်ပြီး အမှိုက်သိမ်းပေးတယ်” လို့ဆိုပါတယ်။

စည်ပင်နယ်နမိတ်အတွင်း မိမိအစီအစဉ်ဖြင့် အမှိုက်ပစ်ပါက အမှတ် (၁) သချိုင်းကုန်းအလွန် မတူပီလမ်း၊ ဖဒဲအိုချောင်းအနောက်ဖက်ခြမ်းတွင်စွန့်ပစ်ရန် သတ်မှတ်ထားပါတယ်။ ယင်းသို့မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် သတ်မှတ်ထားတဲ့နေရာတွင် အမှိုက်မပစ်ဘဲ စည်းကမ်းမဲ့စွန့်ပစ်သူကို ဖမ်းဆီးပါက ဒဏ်ငွေ ကျပ် နှစ်သိန်းပေးဆောင်ရမယ်လို့ မြို့နယ်စည်ပင်ကကြေညာထားပါတယ်။

ယင်းကဲ့သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူကို အမည်၊ နေရပ်လိပ်စာ၊ အမှိုက်ပစ်နေစဉ် ဓာတ်ပုံရိုက်၍ သတင်းပေးသူကို စီမံဒဏ်ရဲ့ ၅၀ ရာခိုင်နှုန်း ဆုချီးမြှင့်မှာဖြစ်ပြီး သတင်းပေးပို့သူအမည်ကို ရုံးမှထုတ်ပြန်ခြင်းပြုမယ်မဟုတ်ကြောင်းကြေညာထားပါတယ်။

ဟားခါးမြို့တွင်း မြောင်းထဲတွင် အမှိုက်စွန့်ပစ်မှုကြောင့် မိုးရာသီတွင်မြောင်းတွေပိတ်ဆို့ပြီး လမ်းပေါ်တွင် မိုးရေတွေစီးဆင်းလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်