ဟားခါးမြို့တွင် ပလက်ဝစစ်ဘေးရှောင်အတွက် အလှူငွေ သိန်း ၂၀၀ ကျော်ရရှိ

ဟားခါးမြို့တွင် ပလက်ဝစစ်ဘေးရှောင်အတွက် အလှူငွေ သိန်း ၂၀၀ ကျော်ရရှိ

ဟားခါးမြို့လူငယ်တွေက ပလက်ဝစစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံရာ နောက်ဆုံးရက်ထိ ၂၀,၆၀၆,၈၅၀ ကျပ် ရရှိကြောင်းသတင်းရရှိပါတယ်။

ဟားခါးမြို့ လူငယ်တွေက တစ်အိမ်တက်ဆင်းဖြစ် တစ်ပတ်ကြာအလှူငွေကောက်ခံခဲ့ကြတာပါ။
ဇူလိုင် ၃ ရက်နေ့တွင် ကိုယ်စားလှယ်လေးဦးကို ပလက်ဝသို့စေလွတ်ကာ ကိုယ်တိုင်အလှူငွေပေးအပ်မှာဖြစ်ပါတယ်။

ဒါပြင့် ဇူလိုင် ၁ ရက်နေ့တွင် ပလက်ဝစစ်ဘေးရှောင်တွေအတွက် ကလေးတက္ကသိုလ်မှ ချင်းကျောင်းသားသမဂ္ဂဦးဆောင်ပြီးအလှူငွေ သိန်း ၂၀ ကျော်ရရှိကြပါတယ်။

ဆက်လက်ပြီး တီးတိန်နဲ့ တွန့်ဇံလူငယ်တွေကလည်း ပလက်ဝစစ်ဘေးရှောင်အတွက် အလှူငွေကောက်ခံလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်