ဟားခါးမြို့မှာ မကြာခင် သားဖွားသင်တန်းကျောင်းဆောက်မယ်

ပြည်ထောင်စုဘတ်ဂျက်နဲ့ ဟားခါးမြို့မှာ မကြာခင် သားဖွားသင်တန်းကျောင်းဆောင် စဆောက်တော့မယ်လို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီးထံမှသတင်းရရှိပါတယ်။

ဟားခါးမြို့ သားဖွားသင်တန်းကျောင်းဆောက်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၉၀၀)ကျော်ချထားပါတယ်။

အဆိုပါ သင်တန်းကျောင်းကို ဟားခါးပညာရေးကောလိပ်ကျောင်းအနီး ဧက(၂၃)အကျယ်အဝန်းပေါ်တွင်တည်ဆောက်မှာဖြစ်ပါတယ်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “မကြာခင် သင်တန်းကျောင်းတည်ဆောက်မယ့် ကုမ္မဏီတွေ တင်ဒါခေါ်တော့မယ်။ မြေနေရာလည်း လုံလုံလောက်လောက်ရှိတယ်။ ခုချိန် ချင်းပြည်နယ်မှာ သားဖွားဆရာမတွေအရမ်းလိုအပ်နေတယ်။ ကျောင်းဖွင့်ရင်တော့ တစ်နှစ်ကို အနည်းဆုံးကျောင်းသူ (၅၀)ကျော်ခေါ်မယ်”လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ ဖလမ်းမြို့တွင် သူနာပြုသင်တန်းကျောင်းတစ်ခုသာရှိပြီး သားဖွားသင်တန်းကျောင်းမရှိသေးပေ။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်