ဟောမုဇ်ရေလက်ကြားမှာ တရက်တည်း သင်္ဘော ၅ စီး တိုက်ခိုက်ခံရပြီး ကမ္ဘာ့ရေနံစျေးနှုန်း ဒေါ်လာ ၂၀၀ အထိ မြင့်တက်လာ

မတ် ၁၂၊ ၂၀၂၆

Zalen

Zalen ad

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့အရေးပါဆုံး ရေနံတင်ပို့ရာ လမ်းကြောင်း ဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားအတွင်း တင်းမာမှုတွေ အထူးမြင့်တက်နေပြီး တရက်တည်း အရပ်ဖက်ကုန်တင် သင်္ဘော ၅ စီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ဟောမုဇ်ရေလက်ကြားနဲ့ အနီးတဝိုက် ရေပြင်မှာ ကုန်တင်သင်္ဘော ၅ စီးမှာ အမျိုးအမည်မသိရတဲ့ လက်နက်တွေနဲ့ အသီးသီး တိုက်ခိုက်ခံခဲ့တာဖြစ်ပါတယ်။

ထိုင်းကုန်တင်သင်္ဘောဖြစ်တဲ့ Mayuree Naree သင်္ဘောဟာ အိုမန်နိုင်ငံ မြောက်ဘက်ကမ်းလွန်မှာ တိုက်ခိုက်ခံရပြီး ကိုယ်ထည်ပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အီရန်ဘက်က ယင်းတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို ဝန်ခံထားပါတယ်။ ယ

ဂျပန်နဲ့ မော်လ်တာသင်္ဘောတွေဟာ ယူအေအီးနိုင်ငံ ကမ်းလွန်နဲ့ ဒူဘိုင်းအနီးတို့မှာ အသီးသီး တိုက်ခိုက်ခံခဲ့ရပြီး ကိုယ်ထည်ပိုင်း ပျက်စီးမှုများ ရှိခဲ့သလို မာရှယ်အိုင်းလန်းသင်္ဘောကလည်း ပျံသန်းလာတဲ့ အရာဝတ္ထုတခုနဲ့ အတိုက်ခံရပြီး ကိုယ်ထည်မှာ အပေါက်ဖြစ်သွားတယ်လို့ သိရပါတယ်။

ရေလက်ကြားအတွင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေနံပြတ်လပ်မှုအန္တရာယ်ကို တုံ့ပြန်ရန်အတွက် နိုင်ငံပေါင်း ၃၂ ခုက စုပေါင်း၍ အရန်သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ ကို ထုတ်သုံးရန် မတ်လ ၁၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

၎င်းဟာ စျေးကွက်အတွင်း ရေနံပြတ်လပ်မှုကို ကာကွယ်ရန်နဲ့ စျေးနှုန်းကို ထိန်းညှိရန် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

အီရန်စစ်ပွဲမစတင်မီ ဖေဖော်ဝါရီ ၂၇ ရက်က ရေနံတစည်စျေးမှာ ဒေါ်လာ ၇၀ ဝန်းကျင်သာ ရှိသော်လည်း စစ်ပွဲအတွင်း စျေးနှုန်းမှာ အတက်အကျ အလွန်ကြမ်းနေပါတယ်။

မတ်လ ၉ ရက်နေ့မှာ တစည်လျှင် ဒေါ်လာ ၁၂၀ အထိ မြင့်တက်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့မှာ ဒေါ်လာ ၉၂ ဝန်းကျင်မှာ ရှိနေပါတယ်။

အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကမူ အခြေအနေများ ပိုမိုဆိုးရွားလာပါက ရေနံတစည်စျေးမှာ ဒေါ်လာ ၂၀၀ ကျော် အထိ ရောက်ရှိသွားနိုင်ကြောင်း သတိပေး ပြောကြားထားပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး G7 အဖွဲ့က ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောတွေကို ရေတပ်ခြံရံ၍ စောင့်ရှောက်ပေးနိုင်ရန် စဉ်းစားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) က အီရန်ဟာ အရပ်ဖက်ဆိပ်ကမ်းတွေကို စစ်ရေးအတွက် အသုံးချနေသဖြင့် အဆိုပါနေရာတွေကို တိုက်ခိုက်နိုင်ခြေရှိတာကြောင့် အရပ်သားတွေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ပွဲစတင်တဲ့ဖေဖော်ဝါရီ ၂၈ ရက်မှ ယနေ့အထိ ဟောမုဇ်ရေလက်ကြားနဲ့ပင်လယ်ကွေ့ဒေသအတွင်း စုစုပေါင်း ရေယာဉ် ၁၃ စီးထက်မနည်း တိုက်ခိုက်ခံထားရပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား-ရိုက်တာ

သတင်း-ဆလိုင်း

ဓာတ်ပုံ-နိုင်ငံတကာသတင်းများ

#နိုင်ငံတကာသတင်းများ #ဟောမုဇ်ရေလက်ကြား#သင်္ဘော #တိုက်ခိုက်#ရေနံစျေးနှုန်း #မြင့်တက်#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီဟာ လေယာဉ်နဲ့ ရိက္ခာများချပေး၊ တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

မတ် ၁၂၊ ၂၀၂၆ Zalen ချင်းပြည်နယ် ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်များအကြား Sumhrang ကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၁၁ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရပါတယ်။ ...

ဆက်ဖတ်ရန်