စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နဲ့ တစ်မိုင်အကွာမှာ လမ်းခင်းဖို့ကျောက်မိုင်းခွဲရင်း အမည်မသိတဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အံသွားကို သြဂုတ်လ တစ်ရက်နေ့ကတွေ့ရှိကြပါတယ်။
လေရှီးမြို့ဒေသခံ ကိုအာထောင်းက “လမ်းခင်းဖို့ လမ်းဘေးက ကျောက်တောင်ကို မိုင်းနဲ့ခွဲတဲ့ချိန်သူ့ကိုတွေ့တာ။ မိုင်းခွဲတဲ့ချိန်မှာ သွားအချို့ကြွေကျသွားလို့ သုံးချောင်းပဲကျန်တော့တယ်။ ဘာကောင်လည်းဆိုတာ သိချင်လို့လိုင်းပေါ်တင်လိုက်တာ။ မေးရိုးပုံစံကဝက်ဝံနဲ့တူပေမယ့် သွားက ဝက်ဝံသွားထက်ပိုကြီးတယ်။ ဒီမှာရှိတဲ့ ဝက်ဝံအရိုးတွေနဲ့တိုက်ကြည့်ပြီးပြီ။ ဆင်သွားလည်းမဟုတ်ပြန်ဘူး။ သမိုင်းမတွင်မီက အကောင်တစ်ကောင်ရဲ့သွားလာပေါ့။ လေးလည်း လေးတယ်။ သူ့ကို လောလောဆယ်သိမ်းထားတယ်” လို့ပြောပါတယ်။
ယင်းအံသွားဟာ အရှည် ၁၀ လက်မခန့်ရှိပါတယ်။
(Zawgyi)
အမည္မသိ တိရိစာၦန္တစ္ေကာင္ရဲ႕ ေက်ာက္ျဖစ္ရုပ္ၾကြင္း အံသြားေတြ႔ရွိ
စစ္ကိုင္းတုိင္းအထက္ပိုင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလရွီးၿမိဳ႕နဲ႔ တစ္မုိင္အကြာမွာ လမ္းခင္းဖို႔ေက်ာက္မုိင္းခြဲရင္း အမည္မသိတဲ့ တိရိစာၦန္တစ္ေကာင္ရဲ႕ ေက်ာက္ျဖစ္ရုပ္ၾကြင္း အံသြားကို ၾသဂုတ္လ တစ္ရက္ေန႔ကေတြ႔ရွိၾကပါတယ္။
ေလရွီးၿမိဳ႕ေဒသခံ ကိုအာေထာင္းက “လမ္းခင္းဖို႔ လမ္းေဘးက ေက်ာက္ေတာင္ကို မိုင္းနဲ႔ခြဲတဲ့ခ်ိန္သူ႔ကိုေတြ႔တာ။ မုိင္းခြဲတဲ့ခ်ိန္မွာ သြားအခ်ဳိ႕ေၾကြက်သြားလို႔ သံုးေခ်ာင္းပဲက်န္ေတာ့တယ္။ ဘာေကာင္လည္းဆိုတာ သိခ်င္လို႔လုိင္းေပၚတင္လိုက္တာ။ ေမးရိုးပံုစံကဝက္ဝံနဲ႔တူေပမယ့္ သြားက ဝက္ဝံသြားထက္ပိုၾကီးတယ္။ ဒီမွာရွိတဲ့ ဝက္ဝံအရိုးေတြနဲ႔တုိက္ၾကည့္ၿပီးၿပီ။ ဆင္သြားလည္းမဟုတ္ျပန္ဘူး။ သမုိင္းမတြင္မီက အေကာင္တစ္ေကာင္ရဲ႕သြားလာေပါ့။ ေလးလည္း ေလးတယ္။ သူ႔ကို ေလာေလာဆယ္သိမ္းထားတယ္” လုိ႔ေျပာပါတယ္။
ယင္းအံသြားဟာ အရွည္ ၁၀ လက္မခန္႔ရွိပါတယ္။