အမေရိကန်မှာ ချင်းအမျိုးသားနှစ်ဦးအမြန်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံး

အမေရိကန်နိုင်ငံ အင်ဒီယာနာမြို့မှ အီလီနွယ်စ်ပြည်နယ်သို့ ချင်းအမျိုးသားနှစ်ဦးအလုပ်သွားလုပ်ပြီး အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားတာကြောင့် ၎င်းတို့နှစ်ဦးအပါအဝင် လူသုံးဦး ပွဲချင်းသေဆုံးသွားတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ ဦးထာလ်ကီယန်လို (U Thal Kian Lo) ၃၅ နှစ် နဲ့ ဦးခမ်းကျူံး (U Kham Cung) ၄၀ နှစ်ခန့် တို့ဟာ အင်ဒီယာနာပိုလစ်ပြည်နယ် အင်ဒီယာနာမြို့မှာနေထိုင်ကြပြီး Illinois ပြည်နယ်မှာ အလုပ်သွားရောက်လုပ်ကိုင်ကြပါတယ်။ ဇွန်လ (၁၆)ရက် ညနေ ၆း၃၀ အချိန်တွင် Illinois ပြည်နယ် Sringfield နဲ့ Beardstown ရွာကြား အမြန်လမ်းမ အမှတ် ၆၇ ပေါ်ယာဉ်မောင်းနေစဉ် ယာဉ်တိုက်မှုဖြစ်ပွားလို့ အခင်းဖြစ်ပွားတဲ့နေရာမှာသေဆုံးခဲ့ကြပါတယ်။ ဦးခမ်းကျူံးက မကြာသေးခင်ကပဲ ကားအသစ်တစ်စီးဝယ်ထားပြီး ယင်းကားနဲ့အကြွေးဆပ်ပြီးအပြန်လမ်းမှာအခုလို ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။

ဦးထာလ်ကီယန်လို ရဲ့အသင်းတော်သင်းအုပ်ဆရာလာလ်ကောလ်သီရ် (Rev. Lal Kawl Tir) က “အမြန်လမ်းမဆိုပေမယ့် လမ်းကျဉ်းတော့ လမ်းလယ်မျဉ်းကြောင်းလည်းမရှိဘူး။ ရဲတွေပြောပုံအရ မျက်နှာချင်းဆိုင်တိုက်မိတယ်လို့သူတို့အမြင်ကိုပြောကြတယ်။ ကားတွေကတော့ ကြေမွနေတယ်။ ဒီဘက်မှာက ည ၉ နာရီမှမိုးချုပ်တာဆိုတော့ သူတို့ယာဉ်တိုက်မှုဖြစ်တဲ့ချိန်က အလင်းရောင်ကောင်းကောင်းရှိသေးတယ်။ သူတို့နဲ့ယာဉ်တိုက်မှုဖြစ်တဲ့သူက လူဖြူ အမျိုးသမီး ၆၉ နှစ်အရွယ်ပါ။ ဦးထာလ်ကီယန်လိုက သားသမီး လေးယောက်ရှိတယ်။ ဇနီးနဲ့သားသမီးတွေက ကလေးမြို့ တာဟန်းမှာနေကြတယ်။ ဦးခမ်းကျူံးကတော့ သားသမီးမရှိဘူး” လို့ပြောပါတယ်။

အလောင်းတွေကို Illinoise ဆေးရုံ ရင်ခွဲရုံမှာ စစ်ဆေးလျက်ရှိပါတယ်။ U Thal Kian Lo ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ချင်းစုရွာဇာတိဖြစ်ပါတယ်။ ဦးခမ်းကျူံး ကတော့ ထန်တလန်မြို့နယ် ဇန်တလန်ရွာ(Zantlang) ဇာတိဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ပြည်သူများ ခရီးသွားလာတာ မပြုကြဖို့ PDF-Zoland တိုက်တွန်း

အောက်တိုဘာ ၃၀၊၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကို စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ လေးရက်ဆက်တိုက် စစ်အင်အားနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းခဲ့ပြီး တီးတိန်- ကလေးလမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ခရီးသွားလာတာ မလုပ်ကြဖို့ PDF Zoland က ဒီကနေ့သတိပေးထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်