အမေရိကန်သတင်းထောက်ကို သူလျှိုဟုစွပ်စွဲကာ ရုရှားဖမ်းဆီး

ရုရှားကတော့ ကြာသပတေးနေ့မှာပဲ အမေရိကန်နိုင်ငံက သတင်းဌာနဖြစ်တဲ့ Wall Street Journal သတင်းထောက်တစ်ဦးကို သူလျှိုဟုစွပ်စွဲကာ ဖမ်ဆီး တရားစွဲလိုက်ပါတယ်။

ဒါဟာ မော်စကိုနှင့် ဝါရှင်တန်အကြားက ဆက်ဆံရေး ပိုမိုတင်းမာလာစေမည့် ရုရှားရဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ Wall Street Journal ကတော့ ရုရှားရဲ့စွပ်စွဲမှုများကို ငြင်းဆန်ထားပြီး ယုံကြည်အားကိုးရပြီး အလုပ်ကြိုးစားသော သတင်းထောက်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်ရဲ့ နာမည်ကတော့ အီဗန်ဂါရှ်ကိုဗစ်ရှ် (၃၁နှစ်) ဖြစ်ပါတယ်။ သူဟာ ရုရှားနိုင်ငံတွင် သတင်းထောက်အဖြစ် ၆ နှစ်အလုပ်လုပ်နေပြီးသူဟာ အမေရိကန်နိုင်ငံသူ ဘော့ဂတ်ဘောကစားသမားဖြစ်တဲ့ ဘရစ်နီဂရီနာ အဖမ်းခံရပြီးနောက် လူသိများပြီး အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်လာပါတယ်။

ရုရှားထောက်လှမ်းရေးဌာနဖြစ်တဲ့ FSB ရဲ့ ပြောဆိုချက်အရ ဂါရှ်ကိုဗစ်ရှ်ဟာ အမေရိကန်အစိုးရရဲ့ အကျိုးစီးပွားအတွက် ထောက်လှမ်းရေးလုပ်နေကြောင်း ရုရှားစစ်တပ်ပိုင် စက်မှုလုပ်ငန်းတစ်ခုရဲ့ အချက်အလက်များကို စုဆောင်းခဲ့ကြောင်း ပြောပါတယ် သို့သော်လည်း ဘယ်လို အချက်အလက်တွေကို စုဆောင်းခဲ့တယ်ဆိုတာကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်