အာဇာနည်နေ့တွင် အေအေနဲ့ တပ်မတော်တိုက်ပွဲဖြစ်လို့ ချင်းလူမျိုး ၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

အာဇာနည်နေ့တွင် အေအေနဲ့ တပ်မတော်တိုက်ပွဲဖြစ်လို့ ချင်းလူမျိုး ၅၀၀ ကျော်ထွက်ပြေးတိမ်းရှောင်

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အာဇာနည်နေ့ မနက်ပိုင်းတွင် တပ်မတော်နဲ့ အေအေလက်နက်ကိုင်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ချင်းတိုင်းရင်းသား (၆၈၀)ဦးတို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါတယ်။

အမ်းမြို့နယ်မှာရှိတဲ့ ဒုက္ကံရွာမှ လူ (၆၈၀)ဦး၊ မဲသံကြိုးရွာမှ လူ ၃၀၀ လောက်နီးစပ်ရာကျေးရွာတွေမှာထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

အမ်းမြို့ဒေသခံတစ်ဦးက “မဲသံကြိုးရွာတွေဆိုရင် ၃ ပုံ ၁ ပုံက ရွာထဲမှာပိတ်မိနေတယ်။ စစ်တပ်က ရွာအဝင်၊ အထွက်တွေလည်းပိတ်ထားတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ဒုက္ကံရွာရဲ့ ဘေးမှာဖြစ်တယ်။ တစ်ချို့လက်နက်ကြီးတွေက ရွာနားမှာကျလာတယ်။ ထွက်ပြေးတိမ်းရှောင်သူတွေက အကူအညီဘာမှမရကြသေးဘူး။ အခု စစ်ပွဲဖြစ်တဲ့နေရာက မြေပုံမြို့နယ်ဘက်နဲ့ပိုနီးတယ်”လို့ပြောပါတယ်။

Zalen ad

လက်ရှိ စစ်ဘေးရှောင်တွေဟာ ကုလားတန်မြစ်နဲ့ လေမြို့မြစ်ရေကြီးလာတာကြောင့် စစ်ရှောင်စခန်းတွေရေလွမ်းမိုးခြင်းဒဏ်ခံစားနေကြပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်