အာဏာလုစစ်တပ်ကပစ်ခတ်လို့ နတ်ချောင်းတွင် အသက် (၁၃)နှစ်ကလေးတစ်ယောက်အပါအဝင် လူ (၂)ယောက်ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာက အသက် (၁၃)နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် လူ (၂)ယောက်တို့ဟာ ဧပြီလ (၂)ရက်နေ့က ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

အာဏာလုစစ်ကောင်စီတပ်က နတ်ချောင်းနဲ့ ချောင်းခွရွာကြားက ရထားသံလမ်းပေါ်တွင် နတ်ချောင်းရွာသား (၁၃)နှစ်အရွယ် မောင်ညီနိုင်ဖြိုးဟာ ဝမ်းဗိုက်ကျည်ထိလို့ ကျဆုံးသွားပါတယ်။

လယ်မှဆိုင်ကယ်နဲ့ပြန်လာတဲ့ နတ်ချောင်းရွာသား ကိုအောင်နိုင်ထွေး (၂၂နှစ်)ကို ချောင်းခွရွာအကျော် ပါမွန်ချောင်းတံတား (ကလေး-ဂန့်ဂေါလမ်း)မှာ အာဏာလုစစ်တပ်က ပေါင်နဲ့ ခေါင်းကို ပစ်ခတ်လို့ ယင်းနေရာတွင် ကျဆုံးသွားပါတယ်။

Zalen ad

ဒေသခံတစ်ဦးက “စစ်တပ်က မြင်မြင်သမျှကိုလိုက်ပစ်နေကြတာ။ အဲ့နေ့က သူတို့ကလေးဘက်ကို ဆုတ်ရင်းနဲ့ပစ်တာ။ အလောင်းကို မနေ့ညကပဲ ချက်ချင်းသဂြိုလ်ကြတယ်” လို့ပြောပါတယ်။

နတ်ချောင်းကျေးရွာအနီးတစ်ဝိုက်တွင် အာဏာလုစစ်ကောင်စီတပ်နဲ့ ပြည်သူကြား မတ်လ (၃၁)ရက်မှ ဧပြီ (၂)ရက်နေ့ထိ ပစ်ခတ်မှုကြောင့် ပြည်သူ (၇)ယောက် ကျဆုံးသွားပါတယ်။

အာဏာလုစစ်ကောင်စီတပ်တွေဟာ ကလေးမြို့တောင်ပိုင်းဘက်ကနေ မြို့ထဲကိုပြန်ဆုတ်သွားလို့ တောင်ပိုင်းဘက်တွင် သေနတ်သံမကြားရတော့ပေမယ့် မြို့ထဲမှာ ခံတပ်ဆောက်ထားတဲ့ပြည်သူတွေနဲ့ ဒီနေ့ အခြေအနေတင်းမားနေကြပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်နဲ့ မီဇိုရမ်ပြည်နယ်ကြား အင်ဂျင်နှစ်လုံးတပ်စက်လှေ တပ်ဆင်ပြီးစီး၊ မိုးတွင်းမှ စတင်ပြေးဆွဲမယ်

ဧပြီ ၈ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေရမ်ဒေသ ၊ ငလန်(Ngalang) ကျေးရွာ နဲ့ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင် ၊ အိုင်နက်ကျေးရွာကြားရှိ ဘွေနူးချောင်းမှာ မော်တော်ကားငယ် သယ်ဆောင်နိုင်တဲ့အင်ဂျင်နှစ်လုံးတပ်ထားတဲ့ စက်လှေကို အဆင်သင့်ထားရှိထားပြီဖြစ်ကာ ...

ဆက်ဖတ်ရန်