အာသံအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ ချင်းလူမျိုး ၃၂ ဦး အစာငတ်ခံ ဆန္ဒပြ

ဇန်နဝါရီလ ၃၁ရက်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်က အကျဥ်းထောင်မှာ အကျဥ်းကျခံနေတဲ့ ချင်းလူမျိုး ၃၂ ဦးဟာ ဒီနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ India For Myanmar က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

သူတို့တွေဟာ အမြန်ဆုံးလွတ်ပေးရေးနဲ့ UNHCR လက်အောက်မှာ ခိုလှုံခွင့်ရဖို့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။

Zalen ad

“ဒီနေ့မှာပဲ ဆန္ဒပြကြတာပဲ။ ရိုဟင်ဂျာတွေလည်းပါတယ်လို့ကြားတယ်။ သူတို့တွေက သူတို့ကျခံရမဲ့ ပြစ်ဒဏ်၊ ငွေဒဏ်တွေကျခံပြီးပြီဖြစ်ပေမဲ့ ပြန်မလွတ်လာကြသေးပဲ ဆက်လက်ထိန်းသိမ်းခံရတာဖြစ်တယ်။ အဲဒါကြောင့်အမြန်ဆုံးလွတ်ပေးရေးနဲ့ UNHCR လက်အောက်မှာ ခိုလှုံဖို့ ဆန္ဒပြကြတာဖြစ်ပါတယ်။”လို့ India For Myanmar တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့အားလုံးဟာ ပြစ်ဒဏ်၊ ငွေဒဏ် အကုန်ကျခံပြီးသား ဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြကာ ထောင်စည်းကမ်းတွေအတိုင်း အခုလို ဆက်လက်ထိန်းသိမ်းခံကြရတာ ဖြစ်ပါတယ်။

အခုဆန္ဒပြနေတဲ့ ချင်းလူမျိုးတွေဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် New Delhi ရှိ UNHCR လက်အောက်မှာ ခိုလှုံဖို့ သွားတဲ့လမ်းမှာ အဖမ်းခံကြရတာဖြစ်ပါတယ်။

ဒီလိုမြန်မာနိုင်ငံ တည်ငြိမ်မှုကို စောင့်ပြီးထောင်ထဲမှာ ထိန်းသိမ်းခံရပါက ထောင်ဒဏ်တသက် (သို့မဟုတ်) သေဒဏ်ကျခံရခြင်းနဲ့တူနေပြီး လွတ်ရက်မျှောမရတဲ့ အနေအထားနဲ့ ကြုံနေကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယထောင်မှာ ၁၀ နှစ်ကျော်အထိ ဖမ်းဆီးထောင်ချခံတဲ့ နိုင်ငံခြားသားများ ရာချီရှိပြီး သူတို့အားလုံးကလည်း အခုဖမ်းဆီးခံ ချင်းလူမျိုးများနဲ့ တူညီတဲ့ ဥပဒေနဲ့ ဖမ်းခံသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

ဒါကြောင့် အမြန်ဆုံး ဖမ်းခံသူများ လွတ်မြောက်နိုင်ရေး ပြည်တွင်း ပြည်ပက တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာများအနေနဲ့ ဝိုင်းဝန်းအသံထွက်ပေးကြဖို့ India For Myanmar က တောင်းဆိုထားပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

မီဇိုရမ်ထဲက မြန်မာစစ်ရှောင်များရဲ့ ဇီဝအချက်အလက်ကောက်ယူမှု ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီး

ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆Zalen မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနိုင်ငံသား စစ်ရှောင်များအား ဇီဝအချက်အလက်ကောက်ယူမှု ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီလို့ မီဇိုရမ်အခြေစိုက်သတင်းများက ဖော်ပြထားပါတယ်။ လက်ရှိမှာအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့စစ်ဘေးရှောင်အသစ်များလည်း ရှိနေသလို ကိုယ့်ဒေသကိုပြန်သွားကြတဲ့လူတွေလည်း ...

ဆက်ဖတ်ရန်