အိန္ဒိယနယ်စပ် မိုးရေးမြို့အနီး မြန်မာဒုက္ခသည်ယာယီစခန်း ဖွင့်လှစ်မယ်

အိန္ဒိယ-မြန်မာနယ်စပ်မြို့ မိုးရေးအနီးမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင်ထားနိုင်တဲ့ ယာယီစခန်းတခုကို မဏိပူရပြည်နယ်အစိုးရကဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် IFP သတင်းဌာနက ဆိုပါတယ်။

မဏီပူရ်ပြည်နယ်ဝန်ကြီးတွေပါဝင်တဲ့ ဆပ်ကော်မီတီတခုကို ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ဖွဲ့စည်းပေးပြီးတဲ့နောက် ကော်မီတီဝင် ဝန်ကြီး သုံးယောက်အဖွဲ့ဟာ မိုးရေးမြို့အနီးကနေရာတွေကို သွားရောက်ကြည့်ရှုကြပြီး ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွင်းက စစ်အခြေအနေအနေတွေသွားတဲ့အခါ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် Letpao Haokip က မီဒီယာတွေကို ပြောပါတယ်။

မြန်မာဒုက္ခသည်တွေထဲမှာ တမူးမြု့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထန်းဆေး လည်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေသမျှ အိန္ဒိယနယ်မြေအတွင်းမှာ ခိုလှုံလိုပါတယ်လို့ မဏီပူရ်ဝန်ကြီးများအဖွဲ့ကိုပြောခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒုက္ခသည်တွေဆီက ကိုယ်ရေးဆိုင်ရာအချက်အလက်တွေ ကိုယူထားပြီး ဒုက္ခသည်မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးထားမှာ ဖြစ်ပါတယ်။

ချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူတွေကိုသာ စခန်းမှာ ခိုလှုံခွင့်ပေးထားမှာဖြစ်တယ်လို့ မဏီပူရ် ဝန်ကြီးများအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ နေရေးထိုင်ရေးအတွက် အခြေခံလိုအပ်ချက်တွေ စခန်းမှာပေးထားမှာဖြစ်ပြီး မရှိမဖြစ် ပစ္စည်းတွေကို ပံ့ပိုးပေးမှာဖြစ်တယ်လို့ မဏီပူရ်တာဝန်ရှိသူတွေက ဆိုပါတယ်။

Zalen ad

လုံခြုံရေးဝန်ထမ်းတွေကိုလည်း ချထားပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုဌာနကိုလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။

Credit:RFA

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်