အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာဖို့နဲ့ ခရီးမသွားလာကြဖို့ အိန္ဒိယအစိုးရတိုက်တွန်း

၇၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ဖြစ်လာတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ရခိုင်ကနေ အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းထားတယ်လို့ အိန္ဒိယအခြေစိုက် India Today News က ဖေဖော်ဝါရီ ၇ ရက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာ၊ ဖုန်းလိုင်းတွေ အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်း တွေပြတ်တောက်တာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေနေတွေကြောင့် အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို ခရီး သွားလာတာတွေ မလုပ် ကြဖို့ အစိုးရက တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံမှာ အခြေအနေယိုယွင်းလာတာကိုစိုးရိမ်ပြီး အိန္ဒိယနိုင်ငံအတွက်လည်း တိုက်ရိုက်ရိုက်ခတ်မှုရှိတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ တယ်လို့ India Today News ကဖော်ပြပါတယ်။

အိန္ဒိယ- မြန်မာနယ်စပ်အနီးရှိ အဓိကမြို့တွေနဲ့ ဒေသအများအပြားတွေမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာတာကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ (AA) တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး ပေါက်တောမြို့နဲ့ မင်းပြားမြို့ကို AAက ထိန်းချုပ်ထားနိုင်ပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်