အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်တွေကို သက်သေခံကတ်ပြားထုတ်ပေးမယ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ နီးပါးကို သက်သေခံကတ်ပြားထုတ်ပေးမယ်လို့ ပြည်နယ်ပြည်ထဲရေးဝန်ကြီး ပူးဗန်လာလ်ငိုက်ဆပ်ကာက မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

ဝန်ကြီး ပူးဗန်လာလ်ငိုက်ဆပ်ကာက “ဒုက္ခသည် သက်သေခံကတ်ပြားကို စတင်ထုတ်ပေးနေပြီ။ ကိုဗစ်ရောဂါပြန်ထလာတာကြောင့် ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းဟာ နှေးကွေးနေတယ်။ မြန်မာစစ်ဘေးရှောင် အတော်များများဟာ သူတို့ ဆွေမျိုးအိမ်မှာနေကြတာကြောင့် သက်သေခံကတ်ပြားထုတ်ပေးဖို့ ခက်ခဲနေတယ်။ အများစုကတော့ ယာယီစခန်းမှာနေကြတယ်။ ကိုဗစ် သက်သာလာတာနဲ့ လုပ်ငန်းပြန်စမယ်” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်နေထိုင်ကြပါတယ်။ အိန္ဒိယဗဟိုပြည်ထဲရေးဝန်ကြီးဌာနက မနှစ် ၂၀၂၁ ခုနှစ်မှာ အရှေ့မြောက်ပြည်နယ် လေးခုထံ အကြံပြုချက်တစ်ရပ်ပေးပို့ခဲ့ပြီး မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနဲ့ အရူနာချယ်ပရာဒက်ရှိပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေများဟာ မည်သည့်နိုင်ငံခြားသားကိုမဆို “ဒုက္ခသည်” အဆင့်အတန်းကို ပေးအပ်ရန် အခွင့်အာဏာ မရှိကြောင်း၊ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ၎င်း၏ ၁၉၆၇ ပရိုတိုကော မှာ အိန္ဒိယအစိုးရလက်မှတ်မထိုးထားကြောင်းပါဝင်ပါတယ်။

Zawgyi

Zalen ad

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္အစိုးရက ျမန္မာဒုကၡသည္ေတြကို သက္ေသခံကတ္ျပားထုတ္ေပးမယ္

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္အစိုးရက ျမန္မာစစ္ေဘးေရွာင္ျပည္သူ ၁၆,၀၀၀ နီးပါးကို သက္ေသခံကတ္ျပားထုတ္ေပးမယ္လို႔ ျပည္နယ္ျပည္ထဲေရးဝန္ႀကီး ပူးဗန္လာလ္ငိုက္ဆပ္ကာက မီဒီယာေတြကိုေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီး ပူးဗန္လာလ္ငိုက္ဆပ္ကာက “ဒုကၡသည္ သက္ေသခံကတ္ျပားကို စတင္ထုတ္ေပးေနၿပီ။ ကိုဗစ္ေရာဂါျပန္ထလာတာေၾကာင့္ ကတ္ျပားထုတ္ေပးျခင္းလုပ္ငန္းဟာ ေႏွးေကြးေနတယ္။ ျမန္မာစစ္ေဘးေရွာင္ အေတာ္မ်ားမ်ားဟာ သူတို႔ ေဆြမ်ိဳးအိမ္မွာေနၾကတာေၾကာင့္ သက္ေသခံကတ္ျပားထုတ္ေပးဖို႔ ခက္ခဲေနတယ္။ အမ်ားစုကေတာ့ ယာယီစခန္းမွာေနၾကတယ္။ ကိုဗစ္ သက္သာလာတာနဲ႔ လုပ္ငန္းျပန္စမယ္” လို႔ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္မွာ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္ ၂၀ ေက်ာ္ေနထုိင္ၾကပါတယ္။ အိႏိၵယဗဟိုျပည္ထဲေရးဝန္ၾကီးဌာနက မႏွစ္ ၂၀၂၁ ခုႏွစ္မွာ အေရွ႕ေျမာက္ျပည္နယ္ ေလးခုထံ အၾကံျပဳခ်က္တစ္ရပ္ေပးပို႔ခဲ့ၿပီး မီဇုိရမ္၊ မဏိပူရ္၊ နာဂလန္းနဲ႔ အရူနာခ်ယ္ပရာဒက္ရွိျပည္နယ္နဲ႔ ျပည္ေထာင္စုနယ္ေျမမ်ားဟာ မည္သည့္ႏိုင္ငံျခားသားကိုမဆို “ဒုကၡသည္” အဆင့္အတန္းကို ေပးအပ္ရန္ အခြင့္အာဏာ မရွိေၾကာင္း၊ ၁၉၅၁ ခုႏွစ္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ကြန္ဗင္းရွင္းႏွင့္ ၎၏ ၁၉၆၇ ပ႐ိုတိုေကာ မွာ အိႏိၵယအစိုးရလက္မွတ္မထုိးထားေၾကာင္းပါဝင္ပါတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်