အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာ ကုသရန်ဆေး မရှိသေးတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှု ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆

Zalen

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှု ထပ်မံတွေ့ရှိရပြီးနောက် ရောဂါထိန်းချုပ်နိုင်ရန်အတွက် လူပေါင်း ၁၀၀ ခန့်ကို နေအိမ်မှာ သီးခြားခွဲနေထိုင်ဖို့ ညွှန်ကြားထားတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

လက်ရှိမှာ အတည်ပြုလူနာ ၅ ဦးခန့်ရှိနေပြီး ၎င်းတို့ထဲမှာ လူနာများကို ကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းလည်း ပါဝင်နေပြီး ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို ပြည်နယ်အစိုးရက ရှာဖွေဖော်ထုတ် စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Zalen ad

နီပါးဗိုင်းရပ်စ်ဟာ တိရစ္ဆာန် (အထူးသဖြင့် လင်းနို့နဲ့ ဝက်) မှတစ်ဆင့် လူသို့ ကူးစက်တတ်သော ဗိုင်းရပ်စ်ဖြစ်ပြီး လူအချင်းချင်းလည်း ကူးစက်နိုင်စွမ်းရှိပါတယ်။

ကူးစက်ခံရသူတွေဟာ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း နဲ့ အသက်ရှူလမ်းကြောင်း ပြဿနာများ ခံစားရတတ်ပြီး ပြင်းထန်ပါက ဦးနှောက်ရောင်ရမ်းပြီး သတိလစ်ခြင်း၊ တက်ခြင်းတွေ ဖြစ်ပွားနိုင်ကာ သေဆုံးနှုန်းမှာ ၄၀% မှ ၇၅% အထိ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

အနောက်ဘင်္ဂလား ကျန်းမာရေးဌာနဟာ ကူးစက်မှု အခြေအနေ အနီးကပ် စောင့်ကြည့်နေပြီး ဆေးရုံများတွင် အထူးကုသဆောင်များကို ပြင်ဆင်ထားရှိပါတယ်။

အများပြည်သူအနေဖြင့် လင်းနို့တွေ ကိုက်ခဲထားတဲ့ သစ်သီးများကို မစားသုံးဖို့၊ ဖျော်ရည်နဲ့ သစ်သီးများကို သေချာစွာ ဆေးကြောပြီးမှ စားသုံးဖို့၊ ရောဂါသံသယရှိသူတွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်အထိ နီပါးဗိုင်းရပ်စ်အတွက် သီးသန့်ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးသောကြောင့် ကြိုတင်ကာကွယ်ရေးဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြထားကြပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#NipahVirus#ကူးစက်မှု#ကူးစက်မှု

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်