အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး B Shyam က မီဇိုရမ်ပြည်နယ်အစိုးရ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး F. Rodingliana ကိုသူ့ရဲ့ရုံးခန်းမှာသွားရောက် တွေ့ဆုံခဲ့ပြီး ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်အစိုးရ သတင်းနဲ့ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

B Shyam က ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ စစ်တွေလေဆိပ်အထိလျှပ်စစ်မီးများပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားပြီး မီဇိုရမ်အစိုးရအနေနဲ့ ပူးပေါင်းဆောက်ရွက်ပေးဖို့တစ်ခါတည်းတိုက်တွန်းလိုက်ပါတယ်။

F. Rodingliana ကလည်း ဗဟိုအစိုးရ ဆောင်ရွက်မဲ့လုပ်ငန်းတွေအကောက်အထည်ဖော်နိုင်ဖို့ ပူးပေါင်းသွားမယ် လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် B Shyam နဲ့ F. Rodingliana တို့ဟာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ကုန်သွယ်ရေးစနစ်တကျ ဆောင်ရွက်နိုင်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြကာ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်၊ Silsury ကျေးရွာ နဲ့ အနီးတစ်ဝိုက် မှာ မြေအကောက်ခွန်စခန်း ဒါမှမဟုတ် ပူးပေါင်းစစ်ဆေးရေးဂိတ် (Integrated Check Post) ကို အမြန်တည်ဆောက်ဖို့ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယဗဟိုအစိုးရရဲ့ လက်ရှိဖော်ဆောင်လျက်ရှိတဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း ( Kaladan Multi Modal Transit Transport Project – KMMTTP)မှာကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံကြား အလွယ်တကူဆက်သွယ်နိုင်ရန် လုံလေခရိုင် Kawrpuichhuah မှာ တံတားတည်ဆောက်ဖို့ စီမံကိန်းကို ဘင်္ဂလားဒေ့ရှ် ဘက်က အမြန်ဆုံးလက်ခံလာဖို့နဲ့ အဆိုပါလုပ်ငန်းကို စတင်လုပ်ကိုင်နိုင်ဖို့ ဗဟိုအစိုးရက ဖိအား ပေးရန် ဝန်ကြီး F.Rodingliana က B Shyam ထံတောင်းဆိုခဲ့ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို (ခမီ) အမျိုးသားနှစ်ဦး သေဆုံး

စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄။ Zalen မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ Raub မြို့မှာ ကားနဲ့ ဆိုင်ကယ် ယာဥ်တိုက်မူကြောင့် မြို့ (ခမီ) အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ ချင်းအမျိုးသားတစ်ဦးဆီက ...

ဆက်ဖတ်ရန်