အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံရိုင်ဖယ်တပ်က ဖောက်ခွဲရေးပစ္စည်းနဲ့ ကျည်ဆံအများအပြား ဖမ်းဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာ (Siaha District) ခရိုင်မှာ အာသံရိုင်ဖယ်တပ်နဲ့ ရဲတွေက မြန်မာဘက်သို့သယ်ဆောင်လာတဲ့ ဖောက်ခွဲရေးပစ္စည်းနဲ့ ကျည်ဆံအများအပြားကို ဖေဖော်ဝါရီ ၂၈ ရက်ဖမ်းဆီးရမိတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာနယ်စပ်ဘက်ကိုမောင်းနှင်လာတဲ့ ယာဉ်တစ်စီးကို ရှာဟာခရိုင် Ainak ရွာနားမှာ ကြိုတင်သတင်းရရှိမှုကြောင့် အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတွေစစ်ဆေးပြီး ယာဉ်မောင်း ၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးခဲ့တာဖြစပါတယ်။

သိမ်းဆည်းရမိသော ဖောက်ခွဲရေးပစ္စည်းများမှာ BELOX – 10 ပေါက်ကွဲစေတတ်သော ပစ္စည်း (၁၂၄.၂ ကီလိုဂရမ်)၊ Granular ဖောက်ခွဲရေးပစ္စည်း (121.5 ကီလိုဂရမ်); Gun Powder Explosive (49.9 kg); ဖောက်ခွဲရေးကိရိယာများ (3950 Nos); Lellier & Belliot 30-06 (ကျည်ဆံ) (120)ခု; Lellier & Belliot .22 Hornet (ကျည်ဆံ) (100 Nos); Mini Mag .22 Bullet (100 Nos); Codex (12000 Mtr); Tac Shotgun Amn Belts (106) တို့ဖြစ်ပါတယ်။

Zalen ad

ရှာဟာခရိုင်မှာလက်နက်ခဲယမ်းတွေသယ်ဆောင်တဲ့ယာဉ်တစ်စီးကို ဖေဖော်ဝါရီလဆန်းပိုင်းက အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ကြပါတယ်။

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္မွာ အာသံ႐ိုင္ဖယ္တပ္က ေဖာက္ခြဲေရးပစၥည္းနဲ႔ က်ည္ဆံအမ်ားအျပား ဖမ္းဆီး

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ရွာဟာ (Siaha District) ခ႐ိုင္မွာ အာသံ႐ိုင္ဖယ္တပ္နဲ႔ ရဲေတြက ျမန္မာဘက္သို႔သယ္ေဆာင္လာတဲ့ ေဖာက္ခြဲေရးပစၥည္းနဲ႔ က်ည္ဆံအမ်ားအျပားကို ေဖေဖာ္ဝါရီ ၂၈ ရက္ဖမ္းဆီးရမိတယ္လို႔ ေဒသတြင္းသတင္းေတြမွာေဖာ္ျပထားပါတယ္။

ျမန္မာနယ္စပ္ဘက္ကိုေမာင္းႏွင္လာတဲ့ ယာဥ္တစ္စီးကို ရွာဟာခရိုင္ Ainak ရြာနားမွာ ၾကိဳတင္သတင္းရရွိမႈေၾကာင့္ အာသံရိုင္ဖယ္နဲ႔ မီဇိုရမ္ရဲေတြစစ္ေဆးၿပီး ယာဥ္ေမာင္း ၂ ဦးနဲ႔ လက္နက္ခဲယမ္းေတြကို ဖမ္းဆီးခဲ့တာျဖစပါတယ္။

သိမ္းဆည္းရမိေသာ ေဖာက္ခြဲေရးပစၥည္းမ်ားမွာ BELOX – 10 ေပါက္ကြဲေစတတ္ေသာ ပစၥည္း (၁၂၄.၂ ကီလိုဂရမ္)၊ Granular ေဖာက္ခြဲေရးပစၥည္း (121.5 ကီလိုဂရမ္); Gun Powder Explosive (49.9 kg); ေဖာက္ခြဲေရးကိရိယာမ်ား (3950 Nos); Lellier & Belliot 30-06 (က်ည္ဆံ) (120)ခု; Lellier & Belliot .22 Hornet (က်ည္ဆံ) (100 Nos); Mini Mag .22 Bullet (100 Nos); Codex (12000 Mtr); Tac Shotgun Amn Belts (106) တုိ႔ျဖစ္ပါတယ္။

ရွာဟာခရိုင္မွာလက္နက္ခဲယမ္းေတြသယ္ေဆာင္တဲ့ယာဥ္တစ္စီးကို ေဖေဖာ္ဝါရီလဆန္းပိုင္းက အာသံရိုင္ဖယ္တပ္က ဖမ္းဆီးခဲ့ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကမ္ဘာ့မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးနိုင်ငံအဖြစ် မြန်မာက ထိပ်ဆုံးရောက်ရှိ

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် စံချိန်တင် ရောက်ရှိသွားတယ်လို့ Landmine and Cluster Munition Monitor ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာသစ်က ...

ဆက်ဖတ်ရန်