အိန္ဒိယ- မြန်မာနယ်စပ် တစ်နေရာမှာ စစ်ဘေးရှောင် မွေးကင်စ ကလေးငယ် တစ်ဦး သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံး

၄၊ စက်တင်ဘာ ၂၀၂၃

Zalen

အိန္ဒိယ – မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်၊ ဥခရုလ် ခရိုင်က မြန်မာစစ်ဘေး ရှောင်တစ်ဦးရဲ့ လသားအရွယ်ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးရောဂါနဲ့ စက်တင်ဘာ ၂ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ဒေသမှာ မိုးရာသီတွင် အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါနဲ့ ဝမ်းပျတ် ဝမ်းလျှော်ရောဂါတွေအဖြစ်များပြီး ဆေးဝါးကုသဖို့ကလည်း အိန္ဒိယ အတွင်းပိုင်း သွားရတာ ဖြစ်တဲ့အတွက် အခက်တွေ့နေကြတာလို့ စစ်ရှောများက ပြောပါတယ်။

” ကလေးက လသားပဲရှိသေးတာပါ။ သွေးလွန်တုပ်ကွေးရောဖြစ်လို့ ဆေးကုသမှုမခံယူနိုင်ဘဲ ဆုံးပါးသွားတယ်။ ရောဂါတွေက များတယ် မိုးရာသီဆိုတော့။ ဝမ်ရောဂါ၊ ရာသီတုပ်ကွေး၊ ကျောက်ပေါက်၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါတွေနဲ့ ကလေးကောလူကြီးကောဖျားကြတာ။ ဆေးဝါးက သူတို့လာမှ ကုပေးကြတာပါ။ ကိုယ့်နိုင်ငံမဟုတ်တော့ အထဲထိဆေးဝါး သွားကုလို့မရဘူးလို့” စစ်ရှောင်တစ်ဦးက Zalen ကိုပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း မြန်မာစစ်ဘေးရှောင် မွေးကင်းစ ကလေးငယ် တစ်ဦးအသားဝါရောဂါနဲ့ မီးတွင်းထဲမှာ သေဆုံးသွားတယ်လို့ မြန်မာ စစ်ဘေးရှောင်များက ပြောပါတယ်

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်