အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး အထက်ပိုင်းဒေသကို ခြံစည်းရိုးဆက်လက်တည်ဆောက်မှာမို့ ‌နှစ်နိုင်ငံ ဒေသခံများ အခက်တွေ့နိုင်

၆၊ စက်တင်ဘာ ၂၀၂၄

Zalen

အိန္ဒိယ-မြန်မာ နယ်စပ် ခြံစည်းရိုးကို အိန္ဒိယဘက်မှ တမူး-မိုးရေးအထက်ပိုင်းဒေကို စီမံကိန်း ဆက်လက် ဆောင်ရွာမှာ ဖြစ်တဲ့တွက် နယ်စပ်ဒေသရှိ ဒေသခံများ အခက်တွေ့နိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် စည်းရိုးကို ၂၀၀၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး နယ်စပ်မှတ်တိုင် ၇၉ကနေ ၈၀.၅ထိ ပြီးစီးခဲ့ရာ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် ဇူလိုင်လတွင် စီမံကိန်း ဆက်လက် ဆောင်ရွက်ပြီး နယ်စပ်မှတ်တိုင် ၈၀.၅ကနေ ၈၂ထိ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြီးစီး သွားတာလို့ ၎င်း လုပ်ငန်းရဲ့ အလုပ်သမား ခေါင်ဆောင်က ပြောပါတယ်။

” အခု၂၀၂၄ခုနှစ်ကစပြီး စီမံကိန်းဆက်လက် ဆောင်ရွက်ဖို့တော့ရှိတယ်။ ကုမ္ပဏီ က ၁၅ ကီလိုမီတာ(၉မိုင်) ဆက်မယ်ပြောကြတယ်။ အခုစည်းရိုးကာဖို့လမ်းရှင်းတာ ၁မိုင်လောက်တော့ရောက်နေပြီ။ စက်ယန္တယား တွေပို့ဖို့ပြင်ဆင်နေကြပြီ”လို့ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်စည်းရိုး ကာရံမှုဟာ တမူးမြို့အထက်ပိုင်း ကွန်းတောင်းကျေးရွာ အနောက်ဘက် အိန္ဒိယ ကျေးရွာ ကွာထှာရွာသစ် နယ်စပ်မှတ်တိုင် ၈၁ ရောက်ရှိနေတာဖြစ်ပြီး ၁၀မိုင်ခန့် ပြီးစီးနေပြီလို့ ‌မိုးရေးဒေသခံများက ပြောပါတယ်။

” အခုလို ဗဟိုအစိုးရကနေ နယ်စပ် စည်းရိုးကာဖို့ကိစ္စက မီဇိုရမ်ကလည်း လက်မခံဘူး။ နာဂလန်းကလည်း လက်ခံတာမဟုတ်ဘူး။ ခြံစည်းရိုးခပ်တာမျိုးလည်း အခုထိမရှိဘူး။ မဏိပူရ်မှာ ကူကီး လူမှုအဖွဲ့စည်းပေါင်းစုံက လက်မခံလို့ သပိတ်မှောက်ကြတာရှိတယ်။ ဒီလိုမျိုး စည်းရိုခပ်ရင် ‌နယ်စပ်တကြောက ဒေသခံတွေ ကူလူးဆက်ဆံဖို့ခက်ခဲလာမှာ။ NLD အစိုးရ ခေတ်က နှစ်နိုင်ငံ သဘောသူထားတဲ့ FMR ကိုလည်း ရပ်ဆိုင်းထားတယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရ အနေနဲ့ ပြည်သူတွေကိုလည်း မလေးစားမှု သက်ရောက်တာပေါ့” လို့ လွတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

“အိန္ဒိယဘက်က မြန်မာ-အိန္ဒိယတလျှောက် နယ်စပ်ခြံစည်းရိုး အခိုင်အမာကို ယခင်က စည်းရိုးခပ်ခြင်းမှာ နှစ်နိုင်ငံ အစိုးရ နယ်စပ်မြေတိုင်းအဖွဲ့ပါတယ်။ဒေသခံ နှစ်ဖက်ပြည်သူ၊ ရွာသူရွာသားအကြီးအကဲ၊အရပ်ဖက်အဖွဲ့အစည်းများနှင့် နယ်မြေတိုင်းတာ အတည်ပြုပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ နယ်စပ်မှတ်တိုင် BP တွေကြား ကြားမှတ်တိုင်ဆိုတာရှိသေးတယ်။နယ်‌မြေ အကွေ့အကောက်၊ ချောင်း၊တောင်၊ချိုင့်ဝှမ်း စသည်တွေက နှစ်ဖက်ဒေသခံ မြေပြင်နေသူတို့ရဲ့ အမှတ်အသား၊ နှစ်ဖက် သက်ကြီးရွယ်အိုများရဲ့အဆင့်အဆင့်အမှတ်အသား သဘောတူညီချက်များမှ အဆင့်ဆင့်ဆောင်ရွက်ရတာဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာကခေတ်အဆက်ဆက် မပြီးပြတ်ခဲ့တဲ့ Myanmar-India နယ်စပ်မြေတိုင်းတာခြင်းလုပ်ငန်းကို (၁၅.၃.၂၀၁၈) ခုနှစ် မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာ- အိန္ဒိယ နယ်စပ် ထိစပ်မှုဟာ (၁၀၁၂) မိုင် ရှည်လျားပြီး နှစ်နိုင်ငံသဘောတူညီမှုနဲ့တိုင်းတာပြီးစီးမှုဟာ (၉၀၇)မိုင်ရှိပြီး တိုင်းတာဖို့ကျန်နေတာကတော့ (၁၀၅)မိုင် ဖြစ်ပါတယ်။

မြန်မာ အိန္ဒိယ နယ်စပ်မှတ်တိုင် (၇၅) တိုင်ရှိပြီး တိုင်းတာရန် ကျန်ရှိနေတဲ့ မှတ်တိုင်များကတော့

BP(66) (76) (78) (89) (90) (91) (92) (93) (94) စုစုပေါင်း မှတ်တိုင်(၉) တိုင်ကျန်ရှိနေပါတယ်။ဒါတွေက တမူးခရိုင် နယ်စပ်တလျှောက် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ယခုမြန်မာနိုင်ငံဟာ ပြည်သူမထောက်ခံတဲ့ အာဏာသိမ်းအစိုးရဖြစ်တယ်။ ပြည်သူရွေးကောက်ခံအစိုးရလည်း မဟုတ်တဲ့ အစိုးဖြစ်နေပါတယ်။

ဒီအခွင့်အရေးကို ယူပြီး နယ်စပ်စည်းကို တဖက်သတ်လုပ်ဆောင်ဖို့မသင့်ပါ။ အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးနားခြင်းပီသတယ်ဆိုပါက. မလုပ်သင့်ပါ။ ပြောင်းလဲလိုမရတဲ့ အိမ်နီးနားချင်းမို့ ကျွန်တော်တို့အနေနဲ့ Neighbourပဲ ဖြစ်စေချင်ပါတယ်လို့” တမူးလူငယ်ဒေသခံတဦးက ပြောပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်