အိုင်ဇောလ်မြို့  လဲန်းပွီးလေဆိပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီးသိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ

EC/ အောက်တိုဘာ ၅၊ ၂၀၂၃

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ လဲန်းပွီးလေဆိပ်မှာ နယူးဒေလီသို့ပျံသန်းမယ့် မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးထံ ရူပီးသိန်း ၃၁၀၀ ဖိုး စိတ်ကြွဆေးပြားများကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၃၈နှစ်အရွယ် ဒေါ်လာလ်ရမ်ထန်းဖြစ်ပြီး ၎င်းခရီးဆောင်အိတ်ထဲတွင် စိတ်ကြွဆေးပြားများထည့်ထားတာလို့သိရတယ်။

လေဆိပ်မှာ ခရီးဆောင်အိတ်များကို X-Ray ဖတ်တဲ့ချိန်မှာ မသင်္ကာစရာအထုပ်အပိုးတွေ့လို့ လေဆိပ်ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးပြီး စိတ်ကြွဆေးပြား အလေးချိန် ကေဂျီ ၁၀ ဒသမ ၄ နိုင်ငံတကာစျေးနှုန်းနဲ့ ရူပီးသိန်း ၃၂၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးကို တွေ့ရှိခဲ့ပါတယ်။

၎င်းအမျိုးသမီးဟာ နယူးဒေလီမြို့မှာ အလှပြင်ဆိုင်တွင်အလုပ်လုပ်တဲ့သူဖြစ်ပြီး မြန်မာပြည်ကနေ ဒေလီသို့ ပို့ဆောင်ဖို့ရည်ရွယ်ထားခြင်းဖြစ်တယ်။

၎င်းကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံခြားသားဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရတယ်။

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားများ မူးယစ်ဆေးဝါးနဲ့ ရာဇာဝတ်မှုတွေကျူးလွန်မှုများပြားတာကြောင့် မြန်မာစစ်ဘေးရှောင်များနဲ့ မီဇိုရမ်ပြည်နယ်မှာ ယခင်ကတည်းကနေထိုင်တဲ့ မြန်မာနိုင်ငံသားများအတွက် နေထိုင်ရပိုမိုကြပ်တည်းစေတယ်လို့လည်းသိရတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ကမြန်မာစစ်ဘေးရှောင် ၁၉၀၀ ကျော်ရဲ့ဇီဝအချက်အလက်များကောက်ယူပြီ

၁၁၊ ဩဂုတ်လ၊ ၂၀၂၅ Zalen အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိမြန်မာစစ်ဘေးရှောင် ၃၂၀၀၀ ကျော်အနက် ၁၉၀၀ ကျော်ရဲ့ဇီဝအချက် အလက်များကိုကောက်ယူနိုင်ပြီလို့ ဒေသတွင်းသတင်းများကဖော်ပြထားပါတယ်။ အဆိုပါ အချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်ထဲက ခရိုင် ၁၁ ခုအနက် တစ်ချို့ကပြီးခဲ့တဲ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်