အိုင်ဇောလ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီး သိန်း ၁၀၀ ကျော်တန် ဘိန်းဖြူများဖမ်းဆည်းရမိ

၂၇၊ မေလ၊ ၂၀၂၄။

Zalen

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင် Selsih ရွာမှာ မြန်မာနိုင်ငံသားတစ်ဦးထံ ၃ ကီလိုကျော်အလေးချိန် ရှိ ကာလတန်ဖိုး ရူပီးသိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မေလ ၂၅ ရက်မှာ ဖမ်းဆီးရမိခဲ့တယ် လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်းပေးပို့ချက်အရ အိုင်ဇောလ်ခရိုင်ရဲတပ်ဖွဲ့က Selsih ရွာကိုသွားရောက်က ရှာဖွေစစ် ဆေးရေး စတင်ဆောင်ရွက်ခဲ့ပါတယ်။ စစ်ဆေးမှုဆောင်ရွက်နေစဉ်မှာ Scooter ဆိုင်ကယ်အမဲရောင် စီးလာသူ တစ်ဦးကို တားဆီးစစ်ဆေးခဲ့ရာဆပ်ပြာဗူး ၃၁၁ ဗူးထဲမှာ ထည့်းထားတဲ့ ဘိန်းဖြူ ၃.၅၄၇ ကီလိုဂရမ် ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ ဘိန်းဖြူများဟာ ကာလပေါက်စျေး ရူပီး ၁၀,၆၄၁,၀၀၀ တန်ဖိုးရှိ ပါတယ်။

အဲဒီဘိန်းဖြူနဲ့ ပတ်သက်သူ အနည်းဆုံးနှစ်ဦးရှိတဲ့ အနက် ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ဦးချန်ဘီလ်သွာန် ရဲ့သား C.T Liana အသက် ၂၅ နှစ် ကိုဖမ်းဆီးထားပြီးအဲဒီအမှုနဲ့ ပတ်သက်သူကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

C.T Liana က မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့အပြင် အိန္ဒိယ နိုင်ငံထဲ ဝင်ထွက်ခွင့် (Valid Document) မရှိတာကြောင့် အိုင်ဇောလ်မြို့ Bawngkawn ရဲစခန်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နဲ့ နိုင်ငံခြား သားမှုဖြင့် တရားစွဲဆိုထားတယ်လို့သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၃၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများကို မီဇိုရမ်ရဲ နဲ့ အာသံရိုင်ဖယ်ပူးပေါင်းတပ်က ဖမ်းဆီးထားသလို မေလ ၁၈ ရက်ကနေ ၂၄ ရက် အထိ တစ်ပတ်အတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ ၄၁ ဦးကိုလည်း CYLA က ဖမ်းဆီးထားပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်