ဧပြီလကုန်ပိုင်းမှာ Hornbill ချင်းကော်ဖီကို တစ်နိုင်ငံလုံးဖြန့်ချိတော့မယ်

ဧပြီလကုန်ပိုင်းမှာ Hornbill ချင်းကော်ဖီကို တစ်နိုင်ငံလုံးဖြန့်ချိတော့မယ်
မင်းတပ်မြို့နယ်မှာ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ Hornbill ချင်းကော်ဖီကို ဧပြီလကုန်ပိုင်းကစပြီး တစ်နိုင်ငံလုံး စတင်ဖြန့်ချိတော့မယ်လို့ ဆိုင်ပိုင်ရှင် ဆလိုင်းမာဟုန်းကဆိုပါတယ်။
ဆလိုင်းမာဟုန်းက “ဖြန့်ချိဖို့မျှော်မှန်းတာ နောက်လ ကုန်လောက်မှာ အမှုန့်ထုပ်ကော၊ လျှော်ပြီးသားအဆန်နဲ့ကော ဆိုင်တွေမှာ ဖြန့်ချိဖို့လုပ်နေတာ။ အဓိက ရည်ရွယ်တာကတော့ လျှော်ပြီးသားအဆန်ကျတော့ ရန်ကုန်က ကော်ဖီဆိုင်ရယ်၊ မန္တလေးက ကော်ဖီဆိုင်တွေရယ် ပြီးတော့ သင်တန်းကျောင်းတွေမှာ ဖြန့်ချိဖို့လုပ်နေတယ်။ အမှုန့်ထုပ်အနေနဲ့တော့ ဖြစ်နိုင်ရင်တော့ ကျနော်တို့ ရန်ကုန်လိုမျိုး City Mark လိုမျိုးမှာ တင်နိုင်အောင်တော့လုပ်ထားပါတယ်”လို့ပြောပါတယ်။
ချင်းတောင်ကော်ဖီဟာ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ကော်ဖီဖြစ်တာရယ်၊ အမြင့်ပေ ၅၀၀၀ အထက်မှာစိုက်ပျိုးတာကြောင့် အရသာတမူထူးခြားပါတယ်။
ဈေးနှုန်းတွေကတော့ ၂၂၀ ဂရမ်ကို ၄ ထောင်ဝန်းကျင်၊ လျှော်ပြီးသား ၁ ကေဂျီဆို ၁၈၀၀၀ ကနေ ၂သောင်းထိရှိဖြစ်ပါမယ်။
Hornbill ချင်းကော်ဖီဟာ A Bank ရဲ့ စီးပွားရေးအစီအစဉ်ပြိုင်ပွဲမှာ ပထမဆု၊ ၂၀၁၈ ခုနှစ် မကွေးမြို့မှာကျင်းပတဲ့ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အသေးစားစီးပွားရေးလုပ်ငန်း နိုင်ငံတကာအသိမှတ်ပြုဒေသဆိုင်ရာ MSME ပြိုင်ပွဲမှာလည်း ပထမဆုရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်