ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သတ်ဖြတ်ခံရပြီး ချင်းပြည်နယ်က သုံးဦး ပါ၀င်

၄၊စက်တင်ဘာ၊ ၂၀၂၄

Zalen

၂၀၂၄ ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စက်တင်ဘာ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ လက်နက်ကြီးကြောင့်သေဆုံးသူက ၃၀ဦးနဲ့ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ ဦး သေဆုံးခဲ့ပါတယ်။

Zalen ad

ဒါ့အပြင် တိုက်ပွဲအတွင်း ကျည်ထိမှန်တာ၊ ပစ်ခတ်ခံရတာ၊ သတ်ဖြတ်ခံရတာ၊ မြေမြှုပ်မိုင်း စတဲ့ အကြောင်း အရာတွေနဲ့ သေဆုံးခဲ့ရသူတွေလည်း ပါဝင်ပါတယ်။

ဇူလိုင်လအတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ၁၄ ဦးနဲ့ အများဆုံး ပါဝင်ပြီး ရှမ်းပြည်နယ်က ၁၂ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ၁၁ဦး၊ မကွေးတိုင်းမှာ ၁၀ဦး၊ မန္တလေးတိုင်းက ကိုးဦး၊ မွန်ပြည်နယ်က ငါးဦး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းက သုံးဦးစီတို့ ဖြစ်ကြပါတယ်။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့မှာ ဟင်းစားထွက်ရှာတဲ့ အမျိုးသမီး ဒေါ်သိန်းနုဟာ ဩဂုတ် ၂၉ ရက်နေ့မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။

ဩဂုတ်လအတွင်းမှာ ဖမ်းဆီးခံတဲ့ အမျိုးသမီး ခုနှစ်ဦးရှိတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့ အချက်လက်တွေကို စုစည်းကောက်ယူထားတာလို့ BWU က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလတွင်း အမျိုးသမီး ၁,၁၃၂

သေဆုံးခဲ့ပြီး ၅,၆၄၉ ဦး ဖမ်းဆီးခံခဲ့ရကာ အဲဒီအထဲက ၄,၀၂၉ ဦးက ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်