ဩစတြေးလျနိုင်ငံက ချင်းအသင်းတော်တစ်ပါး ပိတ်လိုက်ရ

၂၉၊ဇူလိုင်လ၊၂၀၂၄

Zalen

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အခြေစိုက်တဲ့ ချင်းခရစ်ယာန်အသင်းတော် (Chin Christian Church – Melbourne – CCCM) ဟာ ဇူလိုင်လ ၂၈ ရက်ကစလို့ အပြီးပိုင် ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

CCCM အသင်းတော်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်မှာစတင် တည်ထောင်ခဲ့တာဖြစ်ပြီး ၁၇ နှစ် နဲ့ ၃ လ အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ ပိတ်လိုက်ရတာဖြစ်ပါတယ်။ယင်းအသင်းတော်မှာ အသင်းသူ၊သား ၃၀၀ ကျော်ရှိခဲ့ပြီး ယုံကြည်အားထားရတဲ့ အသင်းတော်ဖြစ်ခဲ့သလို လူငယ်တွေအပါအဝင် အသင်းသူအသင်းသားများလည်း တက်ကြွတဲ့ အသင်းတော်ဖြစ်ခဲ့တယ်။

Zalen ad

CCCM အသင်းတော်ဟာ ဗစ်တိုးရီးယား နှစ်ခြင်းခရစ်ယာန် သမဂ္ဂ (Baptist Union of Victoria – BUV)၊ ချင်းခရစ်ယာန်ကောင်စီ ဩစတြေးလျ (Chin Christian Council Australia – CCCA ) နဲ့ အရှေ့မဲလ်ဘုန်း ခရစ်ယာန် မိတ်သဟာရ အဖွဲ့( Nichuah Melbourne Khrihfabu Hawikomhnak – NMKF) စတဲ့ အဖွဲ့အစည်း များနဲ့လည်း လက်တွဲခဲ့တဲ့ အသင်းတော်ဖြစ်ပါတယ်။

အဆိုပါအသင်းတော်ဟာ ဘာကြောင့် ယခုလိုပိတ်သွားရတာလဲ ဆိုတာနဲ့ပက်သက်ပြီး ပြည်ပရောက် ချင်းလူမျိုး၊ ချင်းအသင်းတော်များအနေနဲ့ CCCM ပိတ် လိုက်ရခြင်းကို သင်ခန်းစာယူသင့်ကြောင်း၊ အသင်းတော်ဆိုတာဘာလဲ၊ အသင်းတော်ရဲ့ တစ်ကယ့်ပန်းတိုင် က ဘာလဲ၊ အသင်းတော်ကို ဘယ်သူက ဦးဆောင်သင့်လဲ၊ သင်းအုပ်ဆရာ အတွက်ဘယ်လိုလူမျိုးကို ရွေးခန့် သင့်လဲ အသင်းတော်ဝင်တွေက မိမိရဲ့ သင်းအုပ်ဆရာတွေကို ဘယ်လိုစောင့်ရှောက်မလဲ စတဲ့အချက်တွေ အပါ် သင်ခန်းစာယူသင့်ကြောင်း ဖော်ပြထားပါတယ်။

ယခုအသင်းတော် ပိတ်လိုက်တဲ့ အချိန်မှာ အသင်းတော်ဝင် မိသားစု ၇ စု နဲ့ လူဦးရေ ၂၇ ဦးသာကျန်ရှိပြီး ယခုလို အသင်းတော်ပိတ်လိုက်ပြီးနောက် ကိုယ်နဲ့နီးစပ်ရာ တစ်ခြားအသင်းတော်တွေထဲ ဝင်ခဲ့ကြတယ်လို့ လည်း သိရပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

မတရားအာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်း

ဧပြီ ၁၀၊ ၂၀၂၆Zalen နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ခန်းမမှာ ဒီနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် ...

ဆက်ဖတ်ရန်