ကော်ဖီပင်အသေပျောက်ဖာထေးဖို့ ရှေ့ပတ်မှာပျိုးပင် ငါးသောင်း အခမဲ့ဖြန့်ဖြူးမယ်

ချင်းပြည်နယ်မှ ကော်ဖီစိုက်တောင်သူများ အပင်အသေအပျောက် ဖာထေးစိုက်ပျိုးနိုင်ရန် ရှေ့အပတ်အတွင်း ပြင်ဦးလွင်မှ ကော်ဖီပျိုးပင်(၅၀၀၀၀)အား ပျိုးအိတ်မပဲထပ်မံသယ်ယူ၍ အခမဲ့ဖြန့်ဖြူးပေးပါမယ်လို့ တီးတိန်မြို့နယ် ထေးဇန် ကော်ဖီခြံတာဝန်ခံ ဦးမင်းလွင်ဦးထံမှသိရတယ်။

ပျိုးပင်အချို့ကို မင်းတပ်မြို့တွင်လည်း ပေးပို့ထားမယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။ ယခုနှစ် ဇူလိုင်လမှာထေးဇန်ကော်ဖီခြံကနေ တောင်သူတွေထံ ကော်ဖီပျိုးပင် တစ်သိန်း အခမဲ့ဖြန့်ဝေထားပြီး နောက်နှစ်တွေမှာ ကော်ဖီပျိုးပင် သုံးသိန်းလောက်ဖြန့်ဝေနိုင်ဖို့စီစဉ်ထားပါတယ်။ ၂၀၁၇ခုနှစ်မှာ ကော်ဖီနဲ့ မြောက်ငိုပျိုးပင် တစ်သိန်း အခမဲ့ဖြန့်ဝေထားပါတယ်။

ကော်ဖီပျိုးပင် မှာယူလိုပါက ဦးမင်းလွင်ဦး Ph – 09 400309467 ထံဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်