ဒေသခံချင်းလူမျိုးအရပ်သားများ ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုလုပ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေထံတောင်းဆို

ဒေသခံချင်းလူမျိုးအရပ်သားများ ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုလုပ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေထံတောင်းဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့အေအေလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံချင်းလူမျိုး (၁၀)ဦးပျောက်ဆုံးလျက်ရှိရာ အရပ်သားများကို အကြောင်းမဲ့ခေါ်ဆောင်ခြင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းများလုံးဝမပြုလုပ်ဖို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကောင်စီက လက်နက်ကိုင်တပ်ဖွဲ့တွေထံတောင်းဆိုလိုက်ပါတယ်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကောင်စီ ညိုနှိုင်းရေးမှူး ဦးစောမြက “သံထောင်ကလူပျောက်သွားတာက အေအေဆိုတာ သေချာတယ်။ သူတို့လည်း ဝန်ခံထားတာရှိတယ်။ သူတို့ခဏခေါ်သွားတယ်တဲ့။ ကျန်တဲ့ဟာက အေအေလို့သံသယရှိတယ်။ ဒါပေမယ့် သူတို့က ဝန်မခံဘူး။ ဘာလို့ဖမ်းတာလဲဆိုရင် သူတို့နေရာတွေသတင်းပို့မှာစိုးရိမ်လို့လည်းဖြစ်မယ်။ ခက်တာက ပြန်မလွတ်ဘူး။ ဦးစဘောင်ဆိုသေတောင် သေသွားပြီလို့ကြားတယ်။သူတို့ကိုပြန်လွှတ်ပေးစေချင်တယ်” လို့ပြောပါတယ်။

၎င်းကြေညာချက်ထဲတွင် (၂) ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပလက်ဝမြို့နယ်၊ အထက်ပိုင်း ပီချောင်းဒေသ၊ ရပ်ချောင်းကျေးရွာမှ ဦးခိုလိုး (၆၀ နှစ်)၊ ၎င်းတူတော်စပ်သူများဖြစ်တဲ့ မောင်ဘင်ယာမင် (၁၄ နှစ်)နဲ့ မောင်ကျော်နိုင် (၁၅ နှစ်)တို့ဟာ တောထဲတွင်ဟင်းစားထွက်ရှာရင်းပျောက်ဆုံးခဲ့ပြီး ယနေ့ထိ သတင်းအစအနမရရှိသေးပေ။ (၃) ၂၀၁၉ ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာမှ ဦးကျော်အေး (၅၈ နှစ်) ဟာမြောက်ဦးမြို့မှ လေးမြို့မြစ်အတိုင်းလှေဖြင့်ပြန်လာစဉ် အေအေတပ်ဖွဲ့ဝင်များက မိုရွာသစ်အနီးတွင်း ၎င်းလှေနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုချိန်အထိပျောက်ဆုံးလျက်ရှိသည်။ (၄) ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၆)ရက်တွင် ပလက်ဝမြို့နယ်၊ဘောင်ဝကျေးရွာမှ အိုက်ကျော်လင်းနိုင် (၂၃ နှစ်)၊ အိုက်ကျော်စိန် (၃၁ နှစ်)၊ အိုက်ကျော်ကျော်သန်း (၂၈ နှစ်) နဲ့ အိုက်ကျော်လင်း (၂၅ နှစ်) တို့သည် ကုလားတန်မြစ်ကူးတံတားစီမံကိန်းတွင် ဆိုင်ကယ်ကယ်ရီးသမားများအဖြစ် အကြိုအပို့ဆောင်ရွက်နေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး ယခုအချိန်အထိ ပျောက်ဆုံးလျက်ရှိသည်။ (၅) ၂၀၁၉ ခုနျစ် သြဂုတ်လ (၉)ရက်နေ့တွင် ပလက်ဝမြို့နယ်၊ လေးမြို့ဒေသ၊ သံတောင်ကျေးရွာမှ မောင်ပူးကွီ (၂၀ နှစ်)သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ သွပ်ပြားနှင့်ဘိလပ်မြေများဝယ်ယူသယ်ဆောင်ပြီး လေးမြို့မြစ်အတိုင်း လှေဖြင့်ပြန်လာစဉ် မိုရွာသစ်ကျေးရွာအနီးတွင် အေအေတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ၎င်းတို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယခုချိန်ထိ ပျောက်ဆုံးလျက်ရှိသည်။ (၆) ထို့အတူ ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့တွင် ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတွင် ဦးဆဘောင် (၄၂ နှစ်)သည် နှမဒါကျေးရွာသို့ ဈေးဝယ်ရန်ဆိုင်ကယ်ဖြင့်လာရောက်စဉ်လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး၊ ယခုအချိန်ထိပျောက်ဆုံးလျက်ရှိသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်