ပြည်တွင်းပြည်ပဆရာတွေသင်ပြမယ့် ဟားခါးမြို့က Victoria Academy ကျောင်းမှာလျှောက်လွှာစတင်ခေါ်နေ

ပြည်တွင်းပြည်ပဆရာတွေသင်ပြမယ့် ဟားခါးမြို့က Victoria Academy ကျောင်းမှာလျှောက်လွှာစတင်ခေါ်နေ

ပြည်တွင်းပြည်ပဆရာတွေသင်ပြမယ့် ဟားခါးမြို့က Victoria Academy ကျောင်းက ပထမနှစ်ကျောင်းသူ၊ကျောင်းသားတွေအတွက် လျှောက်လွှာခေါ်ကို အောက်တိုဘာ (၁၅)ရက်နေ့ထိခေါ်နေပါတယ်။

ဒီကျောင်းမှာ သင်ယူမယ့်ဘာသာရပ်တွေကတော့ (1) Social Sciences (Geography, History, Sociology of Religion, Economics, Gender and Peace), (2) Information Technology, (3) English Language, (4) Numeracy and Learning Skills, (5) Community Development, (6) Social Entrepreneuship စသည်တို့ဖြစ်ပါတယ်။

ဒီကျောင်းကို ဇန်နဝါရီလမှစတင်ဖွင့်လှစ်မှာဖြစ်ပြီး ဒီဇင်ဘာလထိ နှစ်နှစ်ကြာသင်ကြားပြီးနောက် Certificate ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတိုင်းတက်ရောက်နိုင်တဲ့ကျောင်းဖြစ်ပြီး ကျောင်းစရိုက်ကတော့ တစ်လ တစ်သောင်းကျပ်ဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေးလည်းလျှောက်လို့ရပါမယ်။

Zalen ad

Victoria Academy ကျောင်းဦးဆောင်သူ ဆလိုင်းဗန်ကျူံးလျန်က “အဆောင်နေဖို့အခက်အခဲဖြစ်တဲ့သူတွေကို စီစဉ်ပေးမယ်။ စားစရိတ်ကတော့ ကျောင်းကတစ်ဝက်ထောက်ပံ့ပေးမယ်။ စားစရိတ်အခက်အခဲဖြစ်တဲ့သူတွေတွက် ထောက်ပံ့ကြေးလျှောက်လို့ရမယ်။ ပြီးတော့ တစ်နှစ်မှာတစ်ကြိမ် ကျောင်းသားသစ်ခေါ်ပါမယ်။ ဟားခါးကောလိပ်က ကျောင်းသူ၊သားတွေလည်း လာတက်လို့ရပါတယ်။ ကျောင်းချိန်ကတော့ တနင်္လာကနေ သောကြာထိ တစ်နေ့ကုန်တက်ရပါမယ်။ နှစ်ဝက်ကျောင်းပိတ်တဲ့ချိန်တော့ရှိမယ်” လို့ပြောပါတယ်။

ဒီနှစ်အတွက် ကျောင်းသူ၊သား ၃၂ ဦးသာလက်ခံမှာဖြစ်ပါတယ်။ လျှောက်လွှာကို www.victoriacademy.org တွင်တင်ထားပြီး ဆက်သွယ်မေးမြန်းလိုပါက phone 09408123526, 09892238330, Email: victoriaacademy.hk@gmial.com စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်