၂၀၁၅ ခုနှစ်နောက်ပိုင်း ကလေးမြို့တွင် မနေ့က အပူဆုံးစံချိန်သို့ရောက်ရှိ

၂၀၁၅ ခုနှစ်နောက်ပိုင်း ကလေးမြို့တွင် မနေ့က အပူဆုံးစံချိန်သို့ရောက်ရှိ

ကလေးမြို့တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း မေလ(၉)ရက်နေ့က (၄၃)စင်တီဂရစ်ဟာ အပူအချိန်အမြင့်ဆုံးနေ့ဖြစ်တယ်လို့ ကလေးမြို့ မိုးဇလဌာနထံမှသတင်းရရှိပါတယ်။

ကလေးမြို့မှာ နှစ်ပေါင်း (၂၀)အတွင်း အမြင့်ဆုံးအပူချိန်ဟာ ၂၀၁၀ ခုနှစ် မေလက အပူချိန် ၄၃ ဒသမ ၇ ထိရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် အပူချိန် ၄၃ ဒသမ ၅၊ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တွင် အပူချိန် ၄၃ ထိရောက်ရှိခဲ့ကြပါတယ်။

ကလေးမြို့နယ် မိုးဇလဌာနက ဦးတင်စိုးက “မနေ့တုန်းက အပူဒဏ်ကိုဘယ်လိုခံစားရလဲဆိုတော့ ထိုင်လိုက်တဲ့နေရာတိုင်းက ပူနေတယ်။ လေအေးလည်းမရဘူး။ လေက ပူနေတယ်။ လောလောဆယ် မုတ်သုံတော့ ဝေးသေးတယ်။ မေလ (၁၈) ရက်မှာ မိုးဝင်နိုင်တယ်လို့ ဌာနကတော့ ခန့်မှန်းထားတယ်။ မိုးကျမှပဲ အပူလျော့မယ်” လို့ပြောပါတယ်။

Zalen ad

သြင်္ကန်ကာလကစပြီး ကလေးမြို့မှာ အပူချိန် ၄၁ ထိ မြင့်တက်လာပြီး အခုချိန်မှာ ရေတွင်းရေတွေခမ်းခြောက်လို့ ပြန်လည်တူးဖော်ကြပါတယ်။

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်