၂၀၂၂ တွင် သဘာဝဘေးအန္တရာယ်ကြောင့် စီးပွားရေးဆုံးရှုံးမှု ကန်ဒေါ်လာ ၃၁၃ လီဘီလီယံရှိခဲ့

AON.N ၏ ခန့်မှန်းချက်အရ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၂ ခုနှစ် နိုင်ငံတကာတွင် စီးပွားရေးဆုံးရှုံးမှု ကန်ဒေါ်လာ ၃၁၃ ဘီလီယံအထိရှိခဲ့ကြောင်း ထိုထဲတွင် ထက်ဝက်ထက်နည်းသော ဆုံးရှုံးမှုသာ အာမခံရှိကြောင်း ဆိုပါတယ်။

အာမခံကဏ္ဍဟာ သဘာဝဘေးအန္တရာယ်ကြောင့် လျှော်ကြေးပေါင်း ကန်ဒေါ်လာ ၁၃၂ ဘီလီယံအထိ ပေးခဲ့ရပြီး ၂၁ ရာစု ပျမ်းမျှပမာဏထက် ၅၇ ရာခိုင်နှုန်းပိုများကြောင်း ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရေကြီးမှုနှင့် ဟာရီးကိန်းအစရှိသော ဘေးအန္တရာယ်များကလည်း ဖြစ်ပွားမှု မြင့်တက်လာပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းပျမ်းမျှ ၃၉၆ ခုသာဖြစ်ပွားရာကနေ ခုတော့ ၄၂၁ ခုအထိဖြစ်ပွားလာကြောင်း ဆိုပါတယ်။

အစီရင်ခံစာတွင် ထုတ်ပြန်ချက်အရ နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှု ၇၅ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံတွင် ဟာရီကင်းအီရန်ကြောင့်ဖြစ်ပြီး ထိုဟာရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလ ဖလော်ရီဒါတွင် တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ဆုံးရှုံးမှုပေါင်း ကန်ဒေါ်လာ ၅၀ ကနေ ၅၅ ဘီလီယံအထိဖြစ်ပေါ်စေပြီး စီးပွားရေး ဆုံးရှုံးမှုပေါင်း ၉၅ ဘီလီယံဖြစ်ပေါ်စေခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၃၁,၃၀၀ ခန့်သေဆုံးခဲ့ပြီး ထိုထဲတွင် ၃ ပုံ ၂ ပုံ ဥရောပတွင် ဇွန်လကနေ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သော အပူလှိုင်းကြောင့် ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်