(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲကို မင်းတပ်မြို့မှာ ကျင်းပမယ်

(၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲကို မင်းတပ်မြို့မှာ ကျင်းပမယ်

မြန်မာတနိုင်ငံလုံးရှိ ချင်းတက္ကသိုလ်ကျောင်းသားများပါဝင်တဲ့ (၂၁)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲကို မင်းတပ်မြို့တွင် ဧပြီလ (၂၄)ရက်မှာ (၃၀)ရက်ထိ ကျင်းပသွားမယ်လို့သိရပါတယ်။

ဒီပွဲဟာ တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ တွန်းဇံ၊ ဇိုမီး၊ ရခိုင် ချင်းတက္ကသိုလ်ကျောင်းသားများနဲ့ အရှိုချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းတွေအားလုံးဖိတ်ကြားထားပါတယ်။

ဒီပွဲကို ဖျော်ဖြေရေး၊ အားကစားအမျိုးမျိုး၊ ဆွေးနွေးပွဲနဲ့ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင်လေ့လာရေးခရီးတွေသွားရောက်မှာဖြစ်ပါတယ်။

(၂၀)ကြိမ်မြောက် ချင်းတက္ကသိုလ်ကျောင်းသားပွဲတော်ကို ဖလမ်းမြို့မှာ ဧပြီလ (၁၂)ရက်ကနေ (၁၇)ရက်ထိကျင်းပခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်