(၂) လ အတွင်း ချင်းပြည်နယ်တွင် လေယာဉ်ဖြင့် ဗုံး (၁၂၁)လုံးကြဲချ၊ CNA ရဲဘော် (၂) ဦးအပါဝင် ပြည်သူ (၂၄ ) သေဆုံး

ချင်းပြည်နယ်တွင် ယခုနှစ် မတ်လမှ ဧပြီလ အထိ (၂)လအတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် (၃၆) ကြိမ်၊ ဗုံးအလုံးရေ (၁၂၁) လုံးဖြင့်တိုက်ခိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်ခံရမူအများဆုံး ဟားခါးမြို့နယ်တွင် (၁၀) ကြိမ်ဖြစ်ပြီး၊ ထန်တလန်မြို့နယ်တွင် (၇)ကြိမ်၊ မင်းတပ်မြို့နယ်တွင် (၆)ကြိမ်၊ ဖလမ်းမြို့နယ်တွင် (၃)ကြိမ်နှင့် တီးတိန်းမြို့နယ်တွင် (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မူကြောင့် ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် (၂) ဦးအပါဝင် အပြစ်မဲ့ပြည်သူ (၂၄) ဦးသေဆုံးပြီး ၊ အပြစ်မဲ့ပြည်သူ (၃၃)ဦး ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုဟာ ကျေးရွာ ၄ ရွာအတွင်း ဗုံး ၂၂ လုံးကြဲချပြီး ကျန် ၉၉ လုံးမှာ ကျေးရွာအနီးမှာ ကြဲချခဲ့ပါသည်။

Zalen ad

ထို့အပြင် ခရစ်ယာန်ဘုရားရှိးခိုးကျောင်း (၄) ကျောင်းနဲ့ လူနေအိမ် အလုံး (၅၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဖော်ပြသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်