၄လကြာပိတ်ထားတဲ့ ကလေး-တမူး ကားလမ်းမ ပြန်လည်ဖွင့်လှစ်

ML/စက်တင်ဘာ ၁၂၊၂၀၂၃

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့ကို ဆက်သွယ်ပေးထားသော အာရှကားလမ်းမကြီးကို ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီဟု ဒေသခံများထံမှ သိရသည်။

ခမ်းပါတ်တိုက်ပွဲ၊ ဘုက္ကန်စခန်းသိမ်းတိုက်ပွဲ၊ ပန်းသာတိုက်ပွဲ စသဖြင့် ကလေး-တမူးကြားတွင် တိုက်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်များက ကလေး-တမူး ကားလမ်းကို ပြည်သူအများ၏ လုံခြုံရေးအတွက် ပိတ်ဆို့ခဲ့ကြခြင်းဖြစ်ကာ ယမန်နေ့ စက်တင်ဘာ ၁၁ရက်နေ့တွင် သွားလာနိုင်ပြီဟု သိရသည်။

“မနေ့က စက်တင်ဘာ၁၁ရက်နေ့က စဖွင့်တာ။ သုံးဘီးတွေ၊ဆိုင်ကယ်တွေတော့ သွားလို့ရပြီ။ ဒီနေ့ဆို ကားတစ်ချို့တွေ သွားနေကြပြီဗျ။” ဟု ကလေးဒေသခံကားသမားတစ်ဦးက ဆိုသည်။

တမူး-ကလေးကားလမ်းကို ပန်းသာကျေးရွာမှာတိုက်ပွဲဖြစ်ပွားပြီး ပြီးခဲ့သည့် ဇွန်လကစပြီး ကားလမ်းပိတ်လို့ အများပြည်သူများ တောလမ်းဖြစ် ကုန်စည်များသယ်ပို့နေရသောကြောင့် တမူးမြို့မှာ ဆန်တစ်အိတ် ၁၇၀၀၀၀ ထိရောက်ရှိကာ အခြေခံစားသောက်ကုန်နဲ့ ဆီ၊ လှောင်စာဆီများ ရှားပါးခဲ့ပါသည်။

စစ်ကောင်စီတပ်သည် တမူးမြို့နယ်၊ခမိတ်ကျေးရွာသို့ စက်တင်ဘာ ၈ရက်နေ့က စစ်ကြောင်းထိုးကာ CDM ကျန်းမာရေးမှူးတစ်ဦးနှင့် လေဖြတ်ဝေဒနာသည် တစ်ဦးကို ပစ်သတ်ခဲ့ကြပြီး ဒေသခံအရပ်သားတစ်ချို့ကိုလည်းဖမ်းဆီး ခေါ်ဆောင်သွားသည့်ဖြစ်စဥ်များကြောင့် ပြည်သူတစ်ချို့က ကလေး-တမူး ကားလမ်းကို ဖြတ်သန်းသွားလာရန် စိုးထိတ်နေရကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်