ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ချင်းပါတီကို UPDJC အစည်းအဝေးတက်ရောက်ဖို့ဖိတ်ခေါ်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ချင်းပါတီကို UPDJC အစည်းအဝေးတက်ရောက်ဖို့ဖိတ်ခေါ်

ချင်းပြည်နယ် ဟားခါးမြို့မှာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်ပြဆွေးနွေးခြင်းအခမ်းအနားမှာ CLD ပါတီလည်းဖိတ်ကြားထားတယ်လို့ CLD ပါတီဘက်ကနေသတင်းရရှိပါတယ်။
ယင်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၈)ရက်နေ (၁၀)ရက်ထိ ဟားခါးမြို့တွင်ကျင်းပမှာဖြစ်ပါတယ်။
CLD အတွင်းရေးမှူးဆလိုင်းအောင်လိန်းက “တရားဝင်စာတော့ ဒီနေ့ထိမရောက်လာသေးပေမယ့် UPDJC ဘက်ကတာဝန်ရှိသူ မိုင်ချင်းချင်းကပါးစပ်နဲ့ပြောထားတာတော့ရှိတယ်။ ဒါကြောင့် ပါတီဘက်ကနေ ဥက္ကဌနဲ့ အတွင်းရေးမှူး နှစ်ယောက် စုစုပေါင်းသုံးယောက်တက်ရောက်ဖို့ရှိတယ်။ အဲ့အစည်းအဝေးမှာတော့ ၂၁ ရာစုပင်လုံညီလာခံ ဘယ်ချိန်ကျင်းပမလဲဆိုတာတွေ ဆွေးနွေးမယ်လို့သိရတယ်”လို့ပြောပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ရှင်းလင်းပွဲသို့ ဒေသခံနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့အ စည်းများနှင့် မြို့မိမြို့ဖများ တက် ရောက်နိုင်ရန် စီစဉ်ထားကြောင်း UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး မင်းဇေယျာဦးက 7 Day မီဒီယာကိုပြောကြားပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကြီးကြပ်ရန် တာဝန်ရှိတဲ့ ပြည် ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှု ပူးတွဲကော်မတီ (UPDJC)ကို အစိုးရ၊ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ် ၄၈ ဦးဖြင့် ဖွဲ့စည်းထားပါတယ်။ ကော်မတီတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒကိစ္စရပ်များ ဟူ၍ လုပ်ငန်းကော်မတီငါးခုရှိပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်