နွမ်းပါးတဲ့ကျောင်းသားတွေကို ထောက်ပံ့ကြေး တစ်သိန်းဆီပေးအပ်

လက်ပံချောင်းကျောင်းသားဟောင်းများအသင်း (LAA) သားများအားတွေ့ရစဉ်

နွမ်းပါးတဲ့ကျောင်းသားတွေကို ထောက်ပံ့ကြေး တစ်သိန်းဆီပေးအပ်

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာရှိကျောင်းများတွင်တက်ရောက်နေတဲ့ နွမ်းပါးတဲ့ကျောင်းသူ၊သား (၆)ဦးကို လက်ပံချောင်းကျောင်းသားဟောင်းများအသင်း (LAA)က တစ်ယောက် တစ်သိန်းဆီထောက်ပံ့ကြေးပေးအပ်နေတယ်လို့သတင်းရရှိပါတယ်။

ထောက်ပံ့ကြေးပေးအပ်တဲ့ကျောင်းသူ၊သားတွေဟာ မိဘမဲ့ပြီးချို့တဲ့နေသူ၊ မိခင် သို့မဟုတ် ဖခင်မရှိသူ၊ မိဘရှိပေမယ့် အလုပ်မလုပ်နိုင်တဲ့သူ၊ စားဝတ်နေရေးခက်ခဲတဲ့မိသားစုကိုရွေးချယ်ပေးအပ်ခဲ့ပါတယ်။

နွမ်းပါးတဲ့ကျောင်းသားမိဘထံ လက်ပံချောင်းကျောင်းသားဟောင်းများအသင်းက ထောက်ပံ့ကြေပေးနေစဉ်

လက်ပံချောင်းကျောင်းသားဟောင်းများအသင်းရဲ့ တာဝန်ရှိသူ ဆလိုင်းဂျေစီက “ကျောင်းကော်မတီတွေ၊ ဆရာ၊မတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျောင်းသားဟောင်းတွေပူးပေါင်းပြီး နွမ်းပါးတဲ့ကလေးတွေရှာနေတယ်။ ခုထိတော့ လေးယောက်ဆီမှာပေးထားပြီ။ ပညာရေးက အခမဲ့ဆိုပေမယ့် သူတို့ရဲ့ကျောင်းသုံးကိရိယာတွေဝယ်ဖို့၊ အာဟာရဖြည့်ဖို့ပေါ့နော်။ နောက်ထပ်နှစ်ယောက် ထောက်ပံ့ကြေးပေးဖို့ရှာနေတုန်း။ ဒီအလှူငွေက အသင်းအဖွဲ့ဝင် ခြောက်ယောက်စီကအလှူငွေနဲ့ပေးတာပါ။ နောက်နှစ်တွေလည်း ဆက်လက်ထောက်ပံ့ဖို့စီစဉ်ထားပါတယ်” လို့ပြောပါတယ်။

Zalen ad

လက်ပံချောင်းကျောင်းသားဟောင်းများအသင်း ဟာ ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းထားပြီး ရွာအတွင်းရှိ အ.ထ.က ကျောင်း၊ အ.မ.က ကျောင်းနဲ့ အ.လ.က ကျောင်းတွေရဲ့လိုအပ်ချက်တွေကိုကိုယ်ကျိုးစွန့်ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်