လေ့ တာဟန်းမှာ အိမ် နှစ်လုံးမီးလောင်

ကလေး တာဟန်းမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်းရပ်ကွက် အိစွတ်ရွာသွားလမ်းအနီးမှာ ပရိဘောဂအိမ် နှစ်လုံးမီးလောင်သွားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာသို့သွားရောက်တဲ့ ဦးကိမ်းခိုင်က “ဖြစ်တဲ့နေရာက တာဟန်းရဲစခန်းအနောက်ဘက် အိစွတ်ရွာသွားတဲ့လမ်းပေါ်မှာ။ ပရိဘောဂလုပ်ငန်းလုပ်ကိုင်တဲ့ ဦးပွီးယာနေအိမ်ဘေးက သူ့အိမ်အငှါးချထားတဲ့အိမ်ကစ မီးလောင်တယ်။ ပြီးတော့ ပရိဘောဂလုပ်တဲ့အိမ်ဘက်ကူးလာတယ်။ လူအထိအခိုက်တော့ မရှိပေမယ့် သူများတွေမှာထားတဲ့ ပရိဘောဂတွေအားလုံးမီးထဲပါသွားတယ်”လို့ပြောပါတယ်။

ယင်းမီးဟာ ည ၇ နာရီခန့်ကစလောင်ပြီး ၈ နာရီခန့်မှာမီးငြိမ်းသွားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆ Zalen အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယမန်နေ့ ဇန်နဝါရီလ ...

ဆက်ဖတ်ရန်