လေ့ တာဟန်းမှာ အိမ် နှစ်လုံးမီးလောင်

ကလေး တာဟန်းမှာ အိမ် နှစ်လုံးမီးလောင်

ကလေးမြို့ တာဟန်းရပ်ကွက် အိစွတ်ရွာသွားလမ်းအနီးမှာ ပရိဘောဂအိမ် နှစ်လုံးမီးလောင်သွားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာနေရာသို့သွားရောက်တဲ့ ဦးကိမ်းခိုင်က “ဖြစ်တဲ့နေရာက တာဟန်းရဲစခန်းအနောက်ဘက် အိစွတ်ရွာသွားတဲ့လမ်းပေါ်မှာ။ ပရိဘောဂလုပ်ငန်းလုပ်ကိုင်တဲ့ ဦးပွီးယာနေအိမ်ဘေးက သူ့အိမ်အငှါးချထားတဲ့အိမ်ကစ မီးလောင်တယ်။ ပြီးတော့ ပရိဘောဂလုပ်တဲ့အိမ်ဘက်ကူးလာတယ်။ လူအထိအခိုက်တော့ မရှိပေမယ့် သူများတွေမှာထားတဲ့ ပရိဘောဂတွေအားလုံးမီးထဲပါသွားတယ်”လို့ပြောပါတယ်။

ယင်းမီးဟာ ည ၇ နာရီခန့်ကစလောင်ပြီး ၈ နာရီခန့်မှာမီးငြိမ်းသွားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်