⁨⁨တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ကော်ဖီစေ့ မနှစ်ကထက် ဈေးကောင်းရရှိ

Zalen

မတ်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ကော်ဖီစေ့ဟာ အခုနှစ်မှာ ဝယ်သူတွေများလာလို့ စျေးကောင်းရနေတယ်လို့ ကော်ဖီစိုက်တောင်သူတွေဆီက သိရပါတယ်။

တီးတိန်မြို့နယ်မှာ ပြီးခဲ့နှစ်က ကော်ဖီစေ့ ဝယ်ယူသူနည်းပါးလာတာကြောင့် တစ်ပိဿာ ၁၀,၀၀၀ ကျပ်သာရရှိပြီး အခုနှစ်မှာ တစ်ပိဿ ၁၅,၀၀၀ ကျပ် စျေးကောင်းရရှိခဲ့တာဖြစ်ပါတယ်။

“ဒီနှစ်တော့ ကော်ဖီစေ့ ဝယ်တဲ့သူတွေများလာလို့ အရင်နှစ်တွေထက် စျေးကောင်းရနေတာပါ။ အခု တစ်သောင်းခွဲထိရတယ်။ ဒီထက်စျေးပိုရဖို့လည်း ခန့်မှန်းထားပါတယ်။”လို့ တီးတိန်မြို့နယ် ကော်ဖီစိုက်တောင်သူတစ်ဦး ပြောပါတယ်။

ကော်ဖီစိုက်တောင်သူတွေဟာ ကော်ဖီစေ့ ရောင်းချတာထက် ကော်ဖီမှုန့်အဖြစ် ထုတ်လုပ်ရောင်းချတာဟာ တွက်ခြေပိုကိုက်တာကြောင့် ကော်ဖီမှုန့်ထုတ်လုပ်သူတွေ ပိုများလာတယ်လို့ သိရပါတယ်။

“ကော်ဖီမှုန့် တစ်ပိဿာ တစ်သောင်းခွဲရတယ်။ အဲဒီကော်ဖီစေ့ တစ်ပိဿာ အမှုန့်လုပ်ရင် ၇၀၀ ဂရမ်ထွက်တယ်။ အမှုန့် ၇၀ ဂရမ်တစ်ထုပ်ကို သုံးထောင်လောက်ရတယ်။ ဒါကြောင့် အမှုန့်ကိုပဲ ထုတ်ကြတယ်။”လို့ တီးတိန်မြို့နယ်ကော်ဖီစိုက်တောင်သူတစ်ဦး ပြောပါတယ်။

တီးတိန်မြို့နယ်မှာ Robuster နဲ့ Arabica ကော်ဖီ အမျိုးစားနှစ်မျိုး စိုက်ပျိုးပြီး Robuster ကော်ဖီစေ့ကို coffeemix ထုတ်လုပ်ရာမှာ အသုံးပြုပြီး Arabica ကော်ဖီစေ့ကို ဖျော်သောက်ရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။

ကော်ဖီကို လိုင်ဘုံ၊ ပိမ်းပိ၊ တီးဗွာလ်းနဲ့ ဖူနွမ်းရွာတို့မှာ စီးပွားအဖြစ် အဓိက စိုက်ပျိုးကြပြီး တခြားကျေးရွာတွေမှာလည်း တစ်နိုင်တပိုင် စိုက်ပျိုးကြပါတယ်။

သတင်း-ခူမီး⁩

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်