၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။

Zalen ad

Zalen

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနဲ့ မှတ်တမ်းများကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ အဆိုပါစာရွက်စာတမ်းများကို မီးရှို့ဖျက်စီးဖို့အတွက် ဘုတ်အဖွဲ့ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ် (၁၀) ရပ်ကွက်၊ အနော်ရထာလမ်း ဗိုလ်တထောင်၊ အ.ထ.က (၆) ကျောင်းဝင်းထဲမှာ ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီ ကနေ စတင်မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာလည်း ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်မြို့နယ်မှာ မီးရှို့ဖျက်စီးရေးအဖွဲ့ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းပြီး ၂၀၂၀ ရွေးကောက်ပွဲစာရွက်စာတမ်း များကိုမီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် က ၂၀၂၀ ရွေးကောက်ပွဲစာရွက်စာတမ်း များကို ရန်ကုန်တိုင်းမှာစတင်မီးရှို့ဖျက်စီးနေခြင်းဖြစ်ပြီး အခြားသောတိုင်းနဲ့ပြည်နယ်တွေမှာလည်း လုပ်ဆောင် သွားဖို့ရှိတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ရုတ်ပြတ် ဆင်းပြတ်ရှုံးနိမ့်ပြီးနောက် မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုကာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူ ခဲ့တာဖြစ်ပါတယ်။

သတင်း – Mickey

ကိုးကား – စစ်ကောင်စီလက်အောက်ခံမီဒီယာများ

ဓာတ်ပုံ-လူမှုကွန်ယက်

#၂၀၂၀ရွေးကောက်ပွဲ #စာရွက်စာတမ်း#စစ်ကော်မရှင်#မီးရှို့#Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်