ကလေးမြို့လေဆိပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးကလေး-ရန်ကုန် လေကြောင်းလိုင်းအားလုံးအကန့်သတ်မရှိ ရပ်နား

၂၁ နိုဝင်ဘာ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ်မှာယနေ့ နိုဝင်ဘာ ၂၁ရက်နေ့ မနက် ၆နာရီဝန်းကျင်လောက်က  ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး ကလေးမြို့လေကြောင်းလိုင်းတွေအားလုံးကို ရက်အကန့်သတ်မရှိရပ်နားထားတယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူသေဆုံးထိခိုက်မှုတော့မရှိခဲ့ဘဲ လေယာဥ်ပြေးလမ်းမှာအနည်းငယ်ပျက်စီးသွားပြီး လုံခြုံရေးစိုးရိမ်မှုတွေကြောင့် စစ်ကောင်စီက လေဆိပ်ကိုအကန့်သတ်မရှိ ပိတ်လိုက်တာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

Zalen ad

“လက်မှတ်ဖြတ်ထားပြီးတဲ့သူတွေကိုတော့ လေကြောင်းလမ်း ပြန်ဖွင့်တဲ့အခါ အစားထိုးပေးသွားမယ်လို့တော့ သူတို့ ပြောတယ်။လောလောဆယ်တော့ ကျွန်မတို့လည်း အတိအကျတော့ ဘာမှပြောလို့မရသေးဘူး။ လေကြောင်းလိုင်းအားလုံးကို အကန့်သတ်မရှိရပ်နားလိုက်တာကတော့ ဟုတ်ပါတယ်။” လို့ကလေးဒေသခံ လေယာဥ်လက်မှတ်အရောင်းဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ် မြောက်ပိုင်း လက်ပံချောင်း၊ဒိုးဝိုင်းချောင်းနဲ့ ကလေးတောင်ပိုင်းက နေရာတစ်ချို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့ပေါ်မှာလည်းရဟတ်ယာဥ်တစ်စင်း ပျံဝဲနေတယ်လို့ကလေးဒေသခံတွေကပြောပါတယ်။

တိုက်ပွဲအရှိန်မြင့်လာပြီးနောက် ကလေးမြို့ကနေ မန္တလေးသို့သွားတဲ့ ကုန်းကြောင်းလမ်းများ မလုံခြုံတော့တာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကလေးကဘော်ဒေသပြည်သူများဟာ လေကြောင်းလိုင်းကိုသာ အဓိကအားထားပြီးအသုံးပြုခဲ့ပါတယ်။ ပြီးနောက် အခုဟာ ခရစ္စမတ်လည်းနီးလာတာကြောင့် အခုလို လေကြောင်းလိုင်းပိတ်တာဟာ နေရပ်ပြန်လိုတဲ့ ပြည်သူများအတွက် အခက်အခဲဖြစ်စေမှာ သေချာပါတယ်။

သတင်း-ဒေမီယံ

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများရှိ မှောင်အတိဖုံးနေသော ပညာရေးရှေ့ရေး

စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံလျက်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှာ ၂၀၂၅ ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ပိုင်းတွင် NUG ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအချို့ ကျောင်းပိတ်ခဲ့ရသည်။ ကလေးမြို့နှင့် ဖလမ်းမြို့နယ်ရှိရွာများစွာမှ စစ်ဘေးရှောင် မိသားစုများစွာသည် ကျောင်းသားလူငယ်များကို ဆက်လက်ကျောင်းထားပေးနိုင်ရန် ...

ဆက်ဖတ်ရန်