စစ်ကောင်စီက ကနန်ကျေးရွာကို အကြိမ်ကြိမ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်ပျက်စီး

ဇွန် ၂၅၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းမပေါ်ရှိ ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို လေကြောင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်အရ သိရပါတယ်။

ယနေ့ဇွန်လ ၂၅ ရက်နေ့မှာလည်းစစ်ကောင်စီတပ်က ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို အခုလိုဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခဲ့ပြီးလူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

” ဒီနေ့မနက်မှာ ဂျက်ဖိုက်တာနဲ့ ကနန်ရွာကို ထပ်ကြဲခဲ့တယ်။ ရွာထဲမှာလူမရှိတော့ လူအထိအခိုက်တော့မရှိဘူး။ လူနေအိမ်အဆောက်အအုံ တချို့တော့ပျက်စီးသွားတယ်။ သူတို့အထိနာနေလို့ဒီလိုလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာဘဲလေး” လို့ စစ်ရေးသတင်းအရင်အမြစ်က Zalen ကိုပြောပါတယ်။

Zalen ad

စစ်ကောင်စီတပ်က ဒီနေ့ ဇွန်လ ၂၅ရက်နေ့ မနက် ၁၀နာရီ ၅၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးသီး ‌(၄) ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအထိအခိုက်မရှိပေမယ့် လူနေအိမ်အချို့ပျက်ဆီးသွားပြီး အပျက်အစီးအရေအတွက်ကိုမသိရသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီက ဒီနေ့ဗုံးကြဲတိုက်ခိုက်မှုမှာ ကနန်ကျေးရွာအမှတ်(၁) ရပ်ကွက်ကနေ ခမ်းပါတ်တံတားအနီးထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အဲဒီစစ်ရေးသတင်းအရင်းအမြစ်ကဆိုပါတယ်။

စစ်ကောင်စီက ကနန်ကျေးရွာကို တစ်ပတ်အတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ယနေ့ဇွန်လ ၂၅ ရက်နေ့ထိ (၃)ရက်မြောက် တိုက်ခံရတာဖြစ်ပြီး ဗုံးသီး(၈) လုံးကျော်သွားပြီလို့သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေတာကြောင့် အဲဒီဒေသက ဒေသခံပြည်သူများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းရှိကျေးရွာအချို့ ကို ပြန်လည်ထိန်းချူပ်နိုင်ပြီလို့ ‌သူတို့ရဲ့ ဝါဒဖြန့်မီဒီယာများကနေ ထုတ်ပြန်နေကြပေမယ့် ထိခိုက်သေဆုံးမှုအလွန်များပြားနေတာကြောင့် လေကြောင်းနဲ့ပါအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

သတင်း – S-P

ပုံစာ – ဇွန်လ ၂၂ရက်နေ့က စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ ကနန်ရွာက အဆောက်အုံးများမြင်ကွင်း

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်