ဒဂုံတက္ကသိုလ်မှာ ပထမဆုံး ချင်းစာ သင်ကြား

ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ချင်းစာကို တစ်လ သင်ကြားနေတယ်လို့သိရပါတယ်။
ဒီသင်တန်းကို ဒဂုံတက္ကသိုလ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ဇူလိုင်(၃)ရက်ကစပြီး ဇူလိုင်(၃၁)ထိသင်ကြားမှာပါ။ ဒီသင်တန်းမှာ ချင်းစာအပြင် ကချင်၊ မွန်၊ ရှမ်းနဲ့ ရခိုင်စာတွေလည်းသင်ကြားနေပါတယ်။
ချင်းစာပေနှင့်ယဉ်ကျေ်းမှုကော်မတီ(ရန်ကုန်-တက္ကသိုလ်များ)အဖွဲ့ဥက္ကဌ ဆလိုင်းဘွဲ့ထာဆန်က “အခုက ဟားခါးစာနဲ့စသင်ပါတယ်။ နောက်နှစ်တွေမှာ တခြားချင်းစာတွေလဲလေ့ကျသင်သွားမယ်။ အခုသင်တန်းက ချင်းစာကို စိတ်ဝင်စားသင်ယူချင်သူတွေအတွက် အဓိကထားပြီး ထမင်းစား၊ ရေသောက်အဆင့်ပဲသင်ပေးပါတယ်”လို့ဆိုပါတယ်။
ချင်းစာကို ကျောင်းသူ၊သား (၁၀)ယောက်ကျော်က သင်ယူလျက်ရှိပါတယ်။ ဒီသင်တန်းကို တစ်ပတ်မှာ သုံးရက်သင်ကြားပြီး တစ်နေ့မှာ ညနေ (၂)နာရီနဲ့ (၃)နာရီကြားသင်ပေးနေပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်