အိန္ဒိယနယ်စပ်အနီး မြန်မာရဲကင်းစခန်း မီးလောင်မှုဖြစ်ပွား

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံအနီးတွင် မနေ့ည (၉)နာရီခန့်တွင် ရဲကင်းစခန်းမီးလောင်သွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ရဲကင်းစခန်းရှိတဲ့နေရာကတော့ ချောက်နက်ကြီးရွာလို့သိရပြီး တမူးမြို့နဲ့ ၂ မိုင်ခန့်ဝေးပါတယ်။ အိန္ဒိယနဲ့ပိုနီးပြီး ချင်း(ကူကီး)တိုင်းရင်းသားတွေ နဲ့ နှစ်ဖက်နိုင်ငံက လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာလည်းဖြစ်ပါတယ်။

မတ်လ (၂၅)ရက်ညက တမူးမြို့တွင် စစ်တပ်နဲ့ ရဲက ပြည်သူတွေကို ပစ်ခတ်လို့ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်