ကလေးမြို့ တိုက်ပွဲတွင် ပြည်သူဘက်က ၂ ဦးကျဆုံး၊ အလောင်းမယူနိုင်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်က ပြည်သူ့ခံတပ်ကို မအလစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူဘက်က ၂ ဦးကျဆုံးပြီလို့ ကနဦးသတင်းရရှိပါတယ်။

တာဟန်းခံတပ်တွင် လက်နက်ကြီးကျလာလို့ ကိုအာကာသူအောင်ရဲ့ ရင်ဘတ်နဲ့ မျက်နှာမှာထိမှန်ပြီး မကြာခင်မှာပဲကျဆုံးသွားပါတယ်။ အနီးကသူငယ်ချင်းတစ်ယောက်ရဲ့ လက်ပျက်သွားတယ်လို့လည်း ကနဦးသတင်းရရှိပါတယ်။

တာဟန်းခံတပ်အနီးရှိ ဘရာဏီအလှပြင်ဆိုင်နောက်ဘက် လမ်းဘေးတွင်အလောင်းတစ်လောင်းရှိပြီး အနီးတဝိုက်တွင် မအလတပ်တွေ ရှိနေတာကြောင့် အခုထိ အလောင်းမကောက်နိုင်သေးဘူးလို့လည်းသိရပါတယ်။

မအလစစ်တပ်က လမ်းဆုံကနေ တာဟန်းဘက်မတက်လာနိုင်အောင် တံတားဦးအကျော် ဗိုလ်ချုပ်လမ်းမပေါ်တွင် ကားတာယာတွေမီးရှို့ပြီး မအလတပ်တွေက တပ်စွဲပြီးလမ်းပိတ်ထားပါတယ်။

Zalen ad

မအလစစ်တပ်က ဒီမနက် ၅ နာရီခန့်ကစပြီး တာဟန်းခံတပ်နဲ့ နေပြည်တော်ခံတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ အင်အားအလုံးအရင်းနဲ့ဖြိုခွဲနေပါတယ်။ ပြည်သူဘက်က အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်ကာ အခု မွန်းလိုင်ရပ်ကွက်ဘက်တွင် ဆက်လက်ပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။

မအလစစ်တပ်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ကလေးမြို့သို့ စစ်ကား ၂၀ ကျော်၊ စစ်လေယာဉ် ၂ ကြိမ်လာရောက်ဆင်းသက်ပြီး ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ်။

မအလစစ်တပ်ဟာ မတ်လ (၂၈)ရက်က တာဟန်းခံတပ်ကို လက်နက်ကြီးတွေနဲ့လာရောက်ဖြိုခွင်းလို့ ပြည်သူ ၅ ဦးကျဆုံးသွားပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်