မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် သြဂုတ်လ(၈)ရက်စဖွင့်မယ်

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ပေါက်ဖြစ်တဲ့ ရိခေါဒါရ်နဲ့ တမူးဘက်မှ Border Pass စနစ်ဖြင့် တစ်ပတ်နဲ့ နှစ်ပတ်ကြာ သွားလာခွင့်ပြုတော့မှာဖြစ်ပါတယ်။

ရိခေါဒါရ်မြို့မှာရှိတဲ့  မြန်မာ-အိန္ဒိယ နယ်စပ်ဝင်/ထွက်ပေါက်ကို Border Pass စနစ်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုဖို့   မြန်မာ-အိန္ဒိယနှစ်နိုင်ငံမှ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားပြီး လာမယ့် သြဂုတ် ၈ ရက်နေ့၌ မြန်မာ-အိန္ဒိယ နိုင်ငံတကာနယ်စပ်ဝင်/ထွက်ပေါက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားရန် စီစဉ်ထားတယ်လို့ ရိခေါဒါရ် ပြန်/ဆက်ကရေးသားထားပါတယ်။

ရိခေါဒါရ် ပြန်/ဆက်ရုံးက ဖွင့်ပွဲကျင်းပပြီးရင်တော့ Border Pass Permit စနစ်(၂) မျိုးဖြစ်တဲ့ BP (Border Pass)စနစ်နဲ့ TBP (Temporary Border Pass)စနစ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုပေးသွားမှာဖြစ်ပြီး BP စနစ်ဖြင့် ဖလမ်းခရိုင်အတွင်း ၁၄ ရက် ၁၃ ညအိပ်ခွင့်ဖြင့် လည်းကောင်း၊ TBP စနစ်ဖြင့် ၇ ရက် ၆ ည အိပ်ခွင့်ဖြင့် ဖလမ်းခရိုင် အတွင်း ဝင်ထွက်သွားလာခွင့်ပြုပေးတော့မယ်လို့ ရိခေါဒါရ်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတေဇာလင်း ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်