ကလေးမြို့နယ်က စစ်တပ်သတင်းပေး အဂ္ဂသန်းအောင် ပစ်ခတ်ခံရ

ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာတွင် နေထိုင်သူ စစ်တပ်သတင်းပေး ဦးသန်းအောင်(အဂ္ဂသန်းအောင်) ဟာ ဧပြီ ၁၆ ရက် ညနေ ၅ နာရီလောက်က နတ်ချောင်းလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းစဉ် အမည်မသိလူတွေက ပစ်သတ်သွားကြတယ်လို့သတင်းရရှိပါတယ်။

အဂ္ဂသန်းအောင်ဟာ ပွဲချင်းမသေသေးဘဲ ဆေးရုံသို့ပို့ဆောင်ကြကာ ည ၁၀ နာရီလောက်တွင် သေဆုံးသွားတယ်လို့သိရတယ်။

၎င်းဟာ စစ်တပ်အာဏာစသိမ်းကတည်းက ရာဇဂြိုဟ် ကျေးရွာမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ဓါတ်ပုံရိုက်ကာ စစ်တပ်ထံသတင်းပေးပို့သူလည်းဖြစ်တယ်။

Zalen ad

ဒါကြောင့် စစ်တပ်ထံသတင်းမပေးဖို့ ၎င်းနေအိမ်မှာ လူငယ်တွေကသွားရောက်ညှိနှိုင်းကြပေမယ့် အဆင်မပြေလို့ ပြဿနာဖြစ်ခဲ့ဖူးတယ်လို့လည်းသိရတယ်။

Zawgyi

ကေလးၿမိဳ႕နယ္က စစ္တပ္သတင္းေပး အဂၢသန္းေအာင္ ပစ္ခတ္ခံရ

ကေလးၿမိဳ႕နယ္၊ ရာဇၿဂိဳဟ္ေက်း႐ြာတြင္ ေနထိုင္သူ စစ္တပ္သတင္းေပး ဦးသန္းေအာင္(အဂၢသန္းေအာင္) ဟာ ဧၿပီ ၁၆ ရက္ ညေန ၅ နာရီေလာက္က နတ္ေခ်ာင္းလမ္းမေပၚမွာ ဆိုင္ကယ္ေမာင္းစဥ္ အမည္မသိလူေတြက ပစ္သတ္သြားၾကတယ္လို႔သတင္းရရွိပါတယ္။

အဂၢသန္းေအာင္ဟာ ပြဲခ်င္းမေသေသးဘဲ ေဆး႐ုံသို႔ပို႔ေဆာင္ၾကကာ ည ၁၀ နာရီေလာက္တြင္ ေသဆုံးသြားတယ္လို႔သိရတယ္။

၎ဟာ စစ္တပ္အာဏာစသိမ္းကတည္းက ရာဇၿဂိဳဟ္ ေက်း႐ြာမွာ ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္သူမ်ားကို ဓါတ္ပုံ႐ိုက္ကာ စစ္တပ္ထံသတင္းေပးပို႔သူလည္းျဖစ္တယ္။

ဒါေၾကာင့္ စစ္တပ္ထံသတင္းမေပးဖို႔ ၄င္းေနအိမ္မွာ လူငယ္ေတြကသြားေရာက္ညိွႏႈိင္းၾကေပမယ့္ အဆင္မေျပလုိ႔ ျပႆနာျဖစ္ခဲ့ဖူးတယ္လုိ႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက သတင်းအေဂျင်စီ ၃ ခုရဲ့ လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်း

ဧပြီ ၂၄၊ ၂၀၂၆Zalen အာဏာသိမ်း စစ်ကောင်စီ ချင်းအခြေစိုက် သတင်းဌာန နှစ်ခု အပါအ၀င် သတင်းမီဒီယာ သုံးခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့က ကြေညာပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကနေ ပုံနှိပ်ခြင်းနဲ့ ...

ဆက်ဖတ်ရန်