AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မလွတ်လာသေး

 

လေမြို့မြစ်ဘေးက သံထောင်ကျေးရွာ

AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲစခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မလွတ်လာသေး
ပလက်ဝမြို့နယ် သံထောင်ကျေးရွာက ရဲစခန်းမှူး ဆလိုင်းဘီးဗာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးချားဟော်တို့ဟာ ဒီနေ့ညနေ (၁၀)နာရီထိ အိမ်သို့ပြန်မရောက်ကြသေးဘူးလို့ဒေသခံတွေဆီကနေသတင်းရရှိပါတယ်။
သူတို့နှစ်ဦးဟာ AA လက်နက်ကိုင်တပ်ဖွဲ့က ဒီမနက် (၃)နာရီမှာဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ သူတို့နဲ့အတူခေါ်ဆောင်သွားတဲ့ ရွာသားနှစ်ဦးကိုတော့ ဝတ်ချောင်းရွာအကျော်ချောင်းဖြတ်ကူးပြီးမှပြန်လွတ်လာပါတယ်။
သံထောင်ရွာသားတစ်ဦးက “ဒီညနေ ၆ နာရီမှာ တစ်ရွာလုံးဆွေးနွေးပွဲလုပ်တယ်။ တစ်ရွာလုံး သုံးနေရာမှာ စုပြီးအိပ်ကြဖို့၊ သတင်းမြန်မြန်ကြားနိုင်အောင် လူငယ်တွေကင်းစောင့်လုပ်ခိုင်းကြတယ်။ ဖမ်းဆီးခံရတဲ့သူတွေပြန်ရှာဖို့က ရွာသားတွေတတ်နိုင်တဲ့ကိစ္စမဟုတ်တော့ ကျနော်တို့ဘက်ကဘာမှလုပ်လို့မရဘူး”လို့ပြောပါတယ်။
သံထောင်ရွာဟာ အိမ်ခြေ တစ်ရာရှိတဲ့ရွာတစ်ရွာဖြစ်ပြီး ပလက်ဝမြို့သွားဖို့ ရခိုင်ပြည်နယ်မြောက်ဦးမြို့ကို စက်လှေနဲ့ (၈)နာရီကြာသွားရပါတယ်။
BBC သတင်းဌာနက အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ယင်းကိစ္စမေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်က ချမှတ်ထားတဲ့ အမျိုးသားလုပ်ငန်းစဉ်တွေကို အနှောက်အယှက်မပေးဖို့ သတိပေးချက်ထုတ်ထားသလို အနှောက်အယှက်ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို နယ်မြေခံတပ်ရင်းမှူးတွေက ဆုံးမအရေးယူတာမျိုးရှိတယ်လို့ပြောပါတယ်။
ဖေဖော်ဝါရီလ (၂၂)ရက် နံနက် (၃)နာရီခန့်မှာ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေဟာ သံထောင်ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲစခန်းမှူးသွားခေါ်ရန်စေလွတ်ပြီး အေအေတပ်ဖွဲ့က ရဲစခန်းမှူးထံ သေနတ်တွေထုတ်ပေးရန်တောင်းဆိုပေမယ့်မထုတ်ပေးတဲ့တွက်ကြောင့်ရိုက်နှပ်ကြပြီး ၎င်းတို့နှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်