ဟားခါးမြို့အုပ်ချုပ်ရေးမှူးကို သင်္ကြန်ပွဲတော်မှာ ယိမ်းအဖွဲ့မပါဝင်ခြင်းအပါအဝင် အချက်(၁၃)ချက်နဲ့ စွဲချက်တင်

May 13, 2018 za len 0

ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သင်္ကြန်ပွဲတော်မှာ ယိမ်းအဖွဲ့မပါဝင်ခြင်းအပါအဝင် အချက်(၁၃)ချက်နဲ့စွဲချက်တင်လိုက်တယ်လို့သိရပါတယ်။   ဒီစွဲချက်တွေကို ပြည်နယ်အစိုးရသဘောတူညီချက်နဲ့ ဝန်ထမ်းရေးရာ နည်းဥပေဒ ၁၉၅(ဂ)ဖြစ် မေလ(၁၁)ရက်တွင်ထုတ်ပြန်ထားခြင်းဖြစ်တယ်။   ပြည်နယ်ထွေအုပ်ရုံးက ဒီလ(၁၅)ရက်နောက်ဆုံး ၄င်းတို့ထံစာနဲ့ဖြေရှင်းချက်ပေးဖို့ထုတ်ပြန်ထားပါတယ်။ “သူတို့ စေတီထီးတင်အခမ်းအနားတို့၊ ဘုန်းကြီးတွေကန်တော့တဲ့ပွဲတွေမှာတက်စေချင်တယ်။ ဒါပေမယ့် ကျနော်က အစိုးရဝန်ထမ်းပါ ဘာသာရေးဝန်ထမ်းမဟုတ်ဘူး။ ကျနော့်မိခင်ဘုရားကျောင်းမှာလည်း […]

ချင်းအက်ဥပဒေပြင်ဆင်တဲ့ခါ ပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားတွေတွက်ထည့်သွင်းစဉ်းစားပေးစေလို

May 12, 2018 za len 0

ချင်းအက်ဥပဒေကိုပြင်ဆင်တဲ့ခါမှာ ချင်းပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားတွေအတွက် ထည့်သွင်းစဉ်းစားပေးဖို့လိုတယ်လို့ ချင်းသမိုင်းသုတေသီ ဆလိုင်းရိုဆန်းကဆိုပါတယ်။   ဒီကနေ့ ရန်ကုန်မြို့ ချင်းအေဂျင်စီရုံးမှာလွတ်သဘောဆွေးနွေးတဲ့ ချင်းပြည်နယ်ပြင်ပရောက် ချင်းတိုင်းရင်းသားအခွင့်အရေးနဲ့ဓလေ့ထုံးတမ်းဥပဒေ ဆွေးနွေးမှာ အခုလိုပြောလိုက်တာပါ။   ဒီလကုန်ပိုင်းမှာ ချင်းပြည်နယ်အစိုးရနဲ့ ချင်းလူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီး ချင်းအက်ဥပဒေကိုပြင်ဆင်ချက်လုပ်မယ်လို့သိရပါတယ်။ “ချင်းအက်မှာကော တိုင်းရင်းသားရေးရာဥပဒေမှာမပြဌာန်းရင် ပြည်နယ်ပြင်ပမှာရှိနေတဲ့ ချင်းတွေတွက်နစ်နာတာပေါ့။  ပြည်နယ်ပြင်ပ ချင်းတွေက […]

ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်အား တာဝန်အပြောင်းအလဲမပြုလုပ်ဖို့ ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ်ကတောင်းဆို

May 12, 2018 za len 0

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်အပြောင်းအလဲမပြုလုပ်ဖို့ လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်စေရန် ပလက်ဝ ဧဝံဂေလိခရစ်ယာန်မဟာမိတ်က  မေလ(၁၂)ရက်နေ့စွဲနဲ့သဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။   ခုတလော ချင်းပြည်နယ်အစိုးရက ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်အပါအဝင် ဝန်ကြီးသုံးဦးကို တာဝန်အပြောင်းအလဲလုပ်မယ်လို့ ပြည်နယ် NLDပါတီနဲ့ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က သတင်းမီဒီယာတွေမှာပြောထားပါတယ်။ တကယ်လို့ တာဝန်အပြောင်းအလဲရှိလာမယ်ဆိုပါက ပလက်ဝမြို့နယ်တိုးတက်ဖွံ့ဖြိုးမှုနှောင့်နှေးစေနိုင်ကြောင်း၊ လူမျိုးရေးစိတ်ဓာတ် […]

ဧဝံဂေလိ​တရား​ဟောဆရာကို မုဒိမ်းမှုအပါအဝင် ပုဒ်မ လေးခုနဲ့တရားစွဲလိုက်ပြီ

May 11, 2018 za len 0

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်တယ်လို့စွပ်စွဲထားတဲ့ ဧဝံဂေလိတရား​ဟောဆရာ Lal Biak [email protected] Boih ကို ဒီကနေ့ ကလေးခရိုင်တရားရုံးက မုဒိမ်းမှုအပါအဝင် ပုဒ်မလေးခုနဲ့ တရားစွဲတင်လိုက်ပြီလို့သိရတယ်။ ဧဝံဂေလိတရား​ဟောဆရာကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်​မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး […]

မြန်မာပြည်မှာ မထွက်လာသေးတဲ့ ဂီတကိုဖန်တီးတဲ့ အကောင်းဆုံး Boy Band ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Oxygen အဖွဲ့က R Myoset

May 11, 2018 za len 0

ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဂီတသံစဉ်တွေနဲ့ နားဆင်သူတွေရဲ့နှလုံးသားကိုလှုပ်နိုးစေတဲ့ X Factor ပြိုင်ပွဲကနေ လူသိများလာတဲ့ ဦးဦးဖျားဖျား Boy Band တစ်ခုဖြစ်တဲ့ Oxygen အဖွဲ့ထဲက R Myoset ကိုသူတို့အဖွဲ့ခုတလော လှုပ်ရှားမှုအကြောင်း KIM ကမေးမြန်းထားပါတယ်။   မေး- Oxygen ဆိုပြီးတော့ ဖြစ်ပေါ်လာပုံလေးရှင်းပြပါဦး။ ဖြေ- […]

ကချင်စစ်ဘေးရှောင်တွေကူညီဖို့ အမေရိကန်ရှိ ချင်းအသင်းတော်မှာ အလှူငွေကောက်ခံမယ်

May 11, 2018 za len 0

ကချင်စစ်ဘေးရှောင်ပြည်သူတွေကူညီဖို့ အမေရိကန်ရှိ ချင်းအသင်းတော်တိုင်းမှာ မေလ(၂၀)ရက်တွင် အထူးဆုတောင်းပွဲနဲ့ အလှူငွေကောက်ခံဖို့စီစဉ်နေတယ်လို့သိရပါတယ်။ “ခုတလော ကျနော်တို့ရဲ့သွေးချင်းညီအစ်ကို ကချင်ရဲ့ကြုံတွေ့နေတဲ့ဒုက္ခကို ဒီတိုင်းရပ်ကြည့်နေလို့မရဘူး။ ချင်းလူမျိုးတွေက အကူအညီပေးဖို့လိုတယ်။ ဒါကြောင့်မေလ(၂၀)ရက်မှာ ချင်းဘုရားကျောင်းတိုင်းမှာ ကချင်အတွက် အထူးဆုတောင်းပွဲနဲ့ စစ်ဘေးရှောင်တွေအတွက်သပ်သပ် အလှူငွေကောက်ခံသွားမယ်။ ဒီအပေါ်မှာချင်းလူထုရဲ့ ရပ်တည်ချက်လည်းထုတ်ပြန်မယ်။ လိုအပ်ရင် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မယ်”လို့ အမေရိကန်နိုင်ငံ၊ အင်ဒီယန်နာပြည်နယ်ချင်းအသင်းတော်များအဖွဲ့မှ […]

ပလက်ဝမြို့ လေယာဉ်ကွင်းအတွက် မြေနေရာကို နေပြည်တော် တာဝန်ရှိသူများကကွင်းဆင်း

May 11, 2018 za len 0

ပလက်ဝမြို့ မြို့ပြစီမံကိန်းနဲ့လေယာဉ်ကွင်းအဆိုပြုမြေနေရာတွေကို နေပြည်တော်ရှိ အိုးအိမ်ဦးစီးဌာန၊ ဒုညွန်ကြားရေးမှူးဦးဆောင်ပြီး မေလ(၅)ရက်မှာ ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့သိရပါတယ်။  “အခုကွင်းဆင်းလာတာက အဆိုပြုစီမံကိန်းပဲရှိသေးတယ်။ သူတို့ကတော့ လေယာဉ်ကွင်းအတွက် ကောင်းတယ်လို့ပြောပါတယ်။ ဒီဟာတွေကို အထက်ကိုတင်ပြပြီးတော့ ခွင့်ပြုချက်ရရင် အကောင်အထည်ဖော်တော့မယ်”လို့ ပလက်ဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ Van Za Uk (ဗန်ဇာအုပ်)ကပြောတယ်။ လေယာဉ်ကွင်းတည်ဆောက်ဖို့ ပလက်ဝမြို့ကနေ […]

ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါသည်။

May 8, 2018 za len 0

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဧပြီလဆန်းမှစ၍ ကချင်ပြည်နယ်တွင် လူဦးရေ ၆,၈ဝဝ ကျော် အသစ်ထပ်မံနေရပ်စွန့်ခွာလာခဲ့သည်ဟု United Nations OCHA Myanmar က ယနေ့ထုတ်ပြန်သည်။ ယခုကဲ့သို့ နေရပ်စွန့်ခွာတိမ်းရှောင်မှုသည် ကချင်ပြည်နယ် မြို့နယ် (၆)မြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး တစ်ချို့ဒေသတွင် ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများသွားလာရန်ခက်ခဲလျက်ရှိသည်ဟုဖော်ပြထားသည်။ ထောင်ပေါင်းများစွာသော […]

ကလေးမြို့ချင်းလူထုက စစ်ဘေးရှောင်ပိတ်မိပြည်သူများလွှတ်မြောက်ဖို့ ဆန္ဒဖော်ထုတ်မည် 

May 8, 2018 za len 0

စစ်ဘေးရှောင် ကချင်ပြည်သူတွေတောတွင်းပိတ်မိသူများလွှတ်မြောက်ရေးအတွက် မေလ(၁၄)ရက်တွင် ကလေးမြို့၌ ချင်းတိုင်းရင်းသားများက ဆန္ဒဖော်ထုတ်မည်ဟုသတင်းရရှိသည်။ လက်ရှိတွင် မြို့နယ်အာဏာပိုင်များထံခွင့်ပြုချက်တင်ပြရန်ပြင်ဆင်လျက်ရှိသည်။ ဆန္ဒပြစဉ်ကြွော်ကြော်သံများမှာ စစ်ဘေးရှောင် ကချင်တိုင်းရင်းသားတောတွင်းပိတ်မိသူများလွှတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံအောင်မြင်ရေး စသည်တို့ဖြစ်သည်။

လိင်တူချင်းအဓမ္မပြုကျင့်သည့် ဝန်ထမ်းကို အမှုစွဲလိုက်ပြီ

May 8, 2018 za len 0

ဟားခါးမြို့တွင် ဝန်ထမ်းတစ်ဦးက ၄င်းအိမ်နီးချင်းရှိ အသက်(၇)နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို လိင်တူချင်းအဓမ္မပြုကျင့်ခဲ့သောကြောင့် မေလ(၇)ရက်တွင် ဟားခါးမြို့တရားရုံးက အမှုစွဲလိုက်သည်ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး သိန်းဇော်ဦးထံမှသတင်းရရှိသည်။ လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)ကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။ နောက်တစ်ပတ် ရုံးချိန်းတွင် […]