ချင်းပြည်နယ်တောင်ပိုင်း စစ်ရေးတင်းမာမှုကြောင့် မတူပီမြို့နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေ ရပ်ဆိုင်း

ဇူလိုင် ၁၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအပြီး နေရပ်ပြန်နေထိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ဘေးရှောင်တွေမှာ လက်ရှိ ဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုတွေကြောင့် ခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတူပီမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့ ကာလအတွင်း နေရပ်စွန့်ခွာသူအချို့မှာ အိမ်ခြံမြေ ပြန်လည်ရှင်းလင်းခြင်းနဲ့ နေရပ်ပြန်လည်နေထိုင်ခြင်းတွေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

Zalen ad

ဒါပေမဲ့ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တိုက်ပွဲတွေ ပြင်းထန်တာကြောင့် နေရပ်ပြန်ရေး အစီအစဉ်တွေ အားလုံးကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ပါတယ်။

“စစ်ဘေးရှောင်တွေ အိမ်ပြန်ဖို့ အားလုံးပြင်ဆင်ပြီးပါပြီ။ အမှိုက်သရိုက်ရှင်းဖို့အထိ စီစဉ်ထားပေမဲ့ စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းကြောင့် ဘယ်သူမှ မပြန်ရဲကြတော့ပါဘူး” လို့ မတူပီ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လမ်းခရီးလုံခြုံရေး စိုးရိမ်ရခြင်း၊ တိုက်ပွဲတွေ ပြင်းထန်လာခြင်းနဲ့ လမ်းကြောင်းပိတ်ဆို့ခံရမယ်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြည်သူအများစုမှာ နေရပ်ပြန်ရေး အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြခြင်းဖြစ်ပါတယ်။

“အရင်က နေရပ်ပြန်သူတွေ ရှိပေမဲ့လည်း လက်ရှိမှာ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိနေလို့ နေရပ်ပြန်သူအချို့မှာပင် ဘေးလွတ်ရာမှာ ထပ်မံတိမ်းရှောင်နေကြရတယ်။”လို့ မတူပီစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

မတူပီမြို့ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပေမဲ့ ပတ်ဝန်းကျင်မြို့နယ်တွေက စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံများမှာ ပုံမှန်ပြန်လည်နေထိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

သတင်း-ခူမီး

#ချင်းပြည်နယ် #မတူပီမြို့ #နေရပ်ပြန်ရေး #ရပ်ဆိုင်းထား #Zalen

နောက်ဆုံးရသတင်းများ

ကွန်ဂိုနိုင်ငံက Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေသူကို ကမ္ဘာ့ဖလားပွဲစဉ်မှာ တွေ့မြင်ရ

ဇွန် ၃၀၊ ၂၀၂၆Zalen ကွန်ဂိုနိုင်ငံရဲ့ လွတ်လပ်ရေးခေါင်းဆောင် Patrice Lumumba ရဲ့ ရုပ်တုပုံစံနဲ့ ဖျော်ဖြေလေ့ရှိတဲ့ Michel Nkuka Mboladinga ဟာ အာဖရိကနိုင်ငံများဖလား (Africa Cup of Nations) ပြိုင်ပွဲ ...

ဆက်ဖတ်ရန်