တွဲ-ကွဲ-တွဲ ချင်းနိုင်ငံရေးသုံးသပ်ချက်

စာရေးသူ- Thawng Za Pum

ပထမဦးဆုံး အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ နေ့ကို ချင်းပြည် နဲ့ ချင်းပြည်သူများ အနာဂတ်အတွက် အရေးကြီးသော နေ့တစ်နေ့ အဖြစ်ကျွန်တော်ရှုမြင်ပါတယ်။ ယခုလို ချင်းပြည်ကောင်စီ(CC)နဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) တို့ ပေါင်းစည်းနိုင်ရေး မီဇိုရမ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် စေ့စပ်ညှိနိူင်းဆွေးနွေးမှုကို နှစ်ဖက်သဘောတူလက်ခံကြပြီး ချင်းအမျိုးသားကောင်စီ(CNC) ဖွဲ့စည်းနိုင်မှုအပေါ် မိမိအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။

 လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ချင်းပြည်နယ်အရေးနဲ့ပတ်သက်ပြီး စာရေးသူရဲ့ အတွေး/အမြင်/သုံးသပ်မှု တွေကို မျှဝေပြောခဲ့ဖူးပါတယ်။ ” အကယ်၍သာ ချင်းပြည်နယ်မှာ တော်လှန်ရေးအချင်းချင်းကြား တိုက်ပွဲများ ဆက်လက်ပြီး(ထပ်မံ) ဖြစ်ပွားပါက ချင်းလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၇)နှစ်ကြာ နိုင်ငံရေးပဠိပက္ခ (သို့) နှစ်ပေါင်း(၇၇)နှစ်ကြာ ကုသ၍မရခဲ့သော နိုင်ငံရေးရောဂါကြီးကို အမွေဆက်ခံသောသူများ(အမွေဆက်ခံသူများ) ဖြစ်ကြလိမ့်မယ်လို့ ” ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ယခုချိန်မှာ ချင်းတော်လှန်ရေးအဖွဲ့စည်းနှစ်ဖွဲ့ ပေါင်းစည်းရန် သဘောတူကြပြီး အဖွဲ့စည်းသစ်တစ်ခုရဲ့ နာမည်အောက်မှာ ချင်းပြည်အရေးကို ဦးစားပေးလျက် အတူတကွလက်တွဲပြီး လုပ်ငန်းများအကောင်ထည်ဖော်ဖို့ကိုလည်း ဆန္ဒပြုအပ်ပါတယ်။

ဤကိစ္စနဲ့ပတ်သက်ပြီး စာရေးသူရဲ့ သုံးသပ်ချက် (၃) ခုကိုတင်ပြ ပါရစေ။

Zalen ad

(၁). Welcome and Congratulate approach/perspective (ကြိုဆိုဂုဏ်ပြုနည်းလမ်း – ရှုထောင့်)

(၂). Cooperate and support approach (ပူးပေါင်း ကူညီရေး နည်းလမ်း)

(၃). Wait and See Approach ( စောင့်ကြည့် နည်းလမ်း)

(၁). Welcome and Congratulate approach/perspective (ကြိုဆိုဂုဏ်ပြုနည်းလမ်း – ရှုထောင့်) ​

အတိတ်ကို ပီကေဝါးသလို အမြဲဝါးတတ်တဲ့သူတွေက အ​ကြောက်ကြီးသောပုဂ္ဂုလ်ဖြစ်တယ် “Luis Rubio” ရဲ့ပြောကြားသောအရာကို ”Friedman” ကယခုလိုရေးသား​ဖော်ပြထားပါတယ်။ (“A lack of self-confidence leads a country to keep chewing on the past,”) မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းက  အတိတ်အကြောင်းအရာကို  ပီကေဝါးသလို တိုင်းပြည်ကို အမြဲဝါးစေတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ICNCC (+CB) နဲ့ CC ဟာ သီးခြားအဖွဲ့အစည်းအဖြစ်ရပ်တည်နေခဲ့ကြတယ်။ အွန်လိုင်းပေါ်မှာလဲ CB ထောက်ခံသူ နဲ့ CC ထောက်ခံသူ ဆိုပြီးရှိနေခဲ့ကြတယ်။ ထောက်ခံသူ အချင်းချင်းကြားလည်း အမြင်မတူသောကြောင့် သဘောထားကွဲလွဲပြီး တင်းမာမှုတွေဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ချင်းပြည်နယ် နဲ့ ပြည်တွင်း/ပြည်ပ ချင်းလူမျိုးများလည်း ကာလနာရောဂါခံစားသလို ခံစားနေကြတယ်။ ချင်းလူမျိုးများ နဲ့ အားပြိုင် ချင်းအဖွဲ့စည်းကြီးနှစ်ဖွဲ့က ပူးပေါင်းခြင်းဟာ အရေးကြီးတယ်လို့နားလည်သဘောပေါက်ကြသော်လည်းပဲ ချင်းလူမျိုးများက မိမိတို့အနေဖြင့် ပူးပေါင်းနိုင်ရေး မဖော်ဆောင်နိုင်တဲ့ကာလမှာ မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုဖြင့် ယုခုလို ချင်းအဖွဲ့စည်းကြီး နှစ်ဖွဲ့ကလဲပဲ သူတို့ရဲ့အဖွဲ့အစည်းအကျိုးစီးပွားကို ပမာဏ မထားပဲ ချင်းပြည်နယ်ရဲ့အနာဂတ်ကျန်းမာဖို့အတွက် ဦးထိပ်ထားပြီး ယခုလို အမိုးရိပ်တစ်ခုအောက်မှာ အတူတကွလက်တွဲကြဖို့ သဘောတူကြခြင်းကို ကျွန်တော်တို့အနေဖြင့် ကြိုဆို ဂုဏ်ပြုကြစို့။ ချင်းအမျိုးသားအဆင့် person of the year ပေးတဲ့အဖွဲ့အစည်းများက ၂၀၂၅ ခုနှစ်အတွက် မီဇိုးရမ်းအစိုးရ( ဝန်ကြီးချုပ်) , ICNCC /CB နဲ့ CC တို့ကို person of the year ပေးသင့်တယ်လို့ယူဆတယ်။ သူတို့အစည်းဝေးမှတ်တမ်းများ, တစ်ဦးတစ်ယောက်ချင်းစီရဲ့ဆွေးနွေးချက်များ၊ အဖွဲ့အစည်းအနေနဲ့ ဆွေးနွေးမှု အချက်အလက်များ အကြောင်းစုံကို​တေ့ာ တစ်နေ့ကြရင် အသေးစိတ်ထုတ်ပြန်ကြလိမ့်မယ်လို့ယူဆတယ်။

(၂) Cooperate and support approach (ပူးပေါင်း ကူညီရေး နည်းလမ်း)

ယခု ICNCC/CB နဲ့ CC တို့ နှစ်ဖက်သဘောတူပြီး ဖွဲ့စည်းတဲ့ ချင်းအမျိုးသားကောင်စီ(CNC) အဖွဲ့ အားကောင်းဖို့အတွက် ချင်းတစ်မျိုးသားလုံးက ထောက်ခံအားပေး ပူးပေါင်း​ ထောက်ပံ့ကူညီကြဖို့လိုအပ်ပါတယ်။ သို့သော် ပူးပေါင်းခြင်း ထောက်ပံ့ကူညီခြင်း ယန္တယားကို​တော့ ဖန်တီးပေးဖို့ လိုအပ်လိမ့်မယ်။ ထိုယန္တယားမှာ အပိတ်ကစားနည်းထက် အဖွင့်ကစားနည်းက ပိုပြီး အကျိုးရှိလိမ့်မယ်။ Top Down ကစားနည်း၊ အောက်ခြေကနေ အထက်သို့တက်လာတဲ့ ကစားနည်း

ကအကျိုးရှိလိမ့်မယ်။ ဥပမာ-  ကျွန်​တော်တို့အဖွဲ့နှစ်ဖွဲ့ ICNCC/CB နဲ့ CC တို့ရဲ့ အဖွဲ့ဝင်များ, ထောက်ခံတဲ့အဖွဲ့တွေကိုပဲ လက်ခံခြင်း ,  ကျွန်​တော်တို့အဖွဲ့နှစ်ဖွဲ့ရဲ့အဖွဲ့ဝင်များမဟုတ်တဲ့သူများကို လက်မခံခြင်းမျိုးက အပိတ်ကစားနည်းဖြစ်ပြီး ချင်းတော်လှန်ရေးအဖွဲ့ ဘယ်အဖွဲ့အစည်းမဆို (SAC နဲ့ အပေါင်းပါများမပါ) ချင်းပြည်တည်ဆောက်ရန် ကျွန်တော်တို့ CNC နဲ့ ပူးပေါင်းလက်တွဲဖို့ ဆန္ဒရှိသူတိုင်းလက်ခံပေးခြင်းမျိုးက အဖွင့်ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ပံ့ပိုးကူညီမယ့် အခန်းကဏ္ဉမှာ လူအင်အားသော်လည်းကောင်း, ငွေအင်အားသော်လည်းကောင်း နှစ်းမျိုးစလုံးပါဝင်တယ်။ ဥပမာ- လူအင်အားမှာဆိုရင် ဖွဲ့စည်းပုံရေးဆွဲတဲ့နေရာနဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဉများလည်း  ပါဝင်ပါတယ်။ ငွေအင်အားမှာဆိုရင် Budget Transparency Mechanisms ကောင်းကောင်းတည်ဆောက်ဖို့ အရမ်း အရေးကြီးပါတယ်။ ဘာပဲဖြစ်ဖြစ် ချင်းတစ်မျိုးသားလုံးအနေဖြင့် CNC အဖွဲ့ကို ပံ့ပိုး ကူညီ ထောက်ခံကြဖို့အရေးကြီးပါတယ်။ CNC အဖွဲ့အနေနဲ့လဲ CNC အဖွဲ့စည်းကို ပံ့ပိုးကူညီနိုင်မယ် ထိရောက်သော ယန္တယားများကို ဖန်တီးပေးဖို့ လိုပါတယ်။

(၃) Wait and See Approach ( စောင့်ကြည့် နည်းလမ်း)

၂၀၂၁ မှာစတဲ့ နွေဦးတော်လှန်ရေးကာလမှာ ချင်းလူမျိုးများသည် ပြည်တွင်း ပြည်ပမှာ ကာလတိုအတွင်းအဖွဲ့စည်းများ ဖွဲ့စည်းမှုအများဆုံးလူမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ CNC အဖွဲ့အနေနဲ့ ပထမ ဦးစားပေး လုပ်​ဆောင်ရမှာက ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီးအကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ သဘောပေါက်ပါတယ်။ CNC ပေါ်ပေါက်လာနိုင်ရေးအတွက်သော်လည်းကောင်း ရေရှည် ရပ်တည်နိုင်ရေးအတွက်သော်လည်ကောင်း အဓိက အကျဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ရေးဆွဲပြီး အကောင်ထည်​ဖော်ဖို့ဖြစ်တယ်။ ကမ္ဘာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာတဲ့ သက်တမ်းက ၂၆၇၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် BC 650 နဲ့ 550 ​ကြားမှာ ဂရိမြို့ပြ-နိုင်ငံတွေက ပထမဆုံးရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ က ဖက်ဒရယ်ထက် နှစ်ပေါင်း၆၅၀လောက် သက်တမ်းနောက်ကျပြီး၊ ဒီမိုကရေစီထက်​တော့ နှစ်ပေါင်း ၁၅၀ လောက် သက်တမ်းပိုရင့်နေတယ်။

၁၉၄၇ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရရှိတဲ့ ဖဆပလ က သူတို့ပါတီအနေနဲ့ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်မှ ၂၃ ရက်ထိ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲခဲ့ကြတယ်။ ၅ ရက်အတွင်းမှာ အပြီးစီးရေးဆွဲနိုင်ခဲ့ကြတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်းရေး​ဆွဲတာ ၄ လကျော်ကျော်ပဲကြာတယ်။ ဗိုလ်ချုပ်နေဝင်းဦးဆောင်မှုဖြင့် ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့နေရာမှာ (အုပ်ချုပ်) ဆိုတဲ့စကားလုံးကို ပယ်ဖျက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အဖြစ်ပြောင်းရေးခဲ့ကြပါတယ်။ ထို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းကို ၃ နှစ်ကျော်ကြာခဲ့ကြပါတယ်။ နွေးဦးတော်လှန်ရေးကာလမှာ နှစ်တိုခံအဖွဲ့စည်းများလဲပေါ်ပေါက်လာခဲ့ကြပြီး ယခု အနေနဲ့လည်း တော်လှန်ရေးကာလဖြစ်တဲ့အတွက် CNC အဖွဲ့ပေါ်ပေါက်ရေး  ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းကို အချိန်ဘယ်လောက်ကြာမှာလဲဆိုတာရယ် ထိုဖွဲ့စည်းပုံဥပဒေက နှစ်တိုခံဖြစ်မလား? နှစ်ရှည်ခံဖြစ်မလား? ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်စရာတစ်ခုဖြစ်ပါတယ်။

နိဂုံး

နွေဦး တော်လှန်ရေးအဖွဲ့ကြီးတစ်ဖွဲ့က နှစ်ဖွဲ့ကွဲရာ၊ လက်ရှိပြန်တွဲလာတဲ့ အပေါ် ကြိုဆိုဂုဏ်ပြုပြီး ပူးပေါင်းကူညီကြဖို့လိုပါတယ်။ (တွဲ-ကွဲ-တွဲ) ကိုလံဘီယာတက္ကသိုလ် ပါမောက်ခ ဖက်ဒရယ်ပညာရှင် Stepan ရဲ့စကားလုံးသုံးမယ်ဆိုရင် coming together ဖက်ဒရယ်လီဇင်းမှာ ယူနစ်၊ ပြည်နယ်များသည် ပြည်ထောင်စုနိုင်ငံတော်ကြီးရဲ့ ဖခင်များဖြစ်ကြတယ်။

ပြည်ထောင်စုရှိ အထက်လွှတ်တော်သည် ပြည်နယ်များရဲ့ လွှတ်တော်ဖြစ်တယ်။ ယူနစ်၊ ပြည်နယ်များသည် ခိုင်မာသော နိုင်ငံရေးအခြေခံအဆောက်အဦး များကြိုတင်ပြီးရှိထားဖို့လိုအပ်ပါတယ်။

ချင်းအဖွဲ့အစည်းကြီး နှစ်ခုပူးပေါင်းခြင်းက Chin state building (ချင်းပြည်နယ်နိုင်ငံရေးအဆောက်အဦးတည်ဆောက်ခြင်း) နှင့် Chin Nation Building ချင်းအမျိုးသားလက္ခာဏာများတည်ဆောက်ရာတွင်ပိုပြီးအားကောင်းလာနိုင်တယ်။ အချိန်အခါ၊ အခြေအနေ အတွေ့အကြုံအရ ချင်းအမျိုးသားကောင်စီပေါ်ပေါက်လာနိုင်ရေးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးတန်းတူညီမျှမှုကို အာမခံပြီး မတူကွဲပြားသော လူမျိုးများနိုင်ငံရေးထိုင်ခင်းပေးသော (Accommandate) ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာမလား? ပေါ်ပေါက်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေကကော ချင်းလူမျိုးများညီညွှတ်ရေးသို့ ပို့ဆောင်ပါမလားဆိုတာ ချင်းနိုင်ငံရေးတည်ဆောက်မယ့် ခေါင်းဆောင်များရဲ့ နိုင်ငံရေး ယဉ်ကျေးမှုများကို စောင့်ကြည့် ကြစို့။

မှတ်ချက်။ စာရေးသူသည် ဂျာမနီနိုင်ငံ FAU-Erlangen Nuremberg တက္ကသိုလ်တွင် DAAD scholarship ဖြစ် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့သင်ယူနေဆဲဖြစ်သည်။ Federal State Formation ဖြစ် စာတမ်းပြုစုနေသည်။

နောက်ဆုံးရသတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်က ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်

ဧပြီ ၂၇၊ ၂၀၂၆  Zalen ဧပြီ ၂၆ရက် ယမန်နေ့ ညနေပိုင်းအချိန်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးသွားတဲ့လမ်းပေါ်ရှိ ဆည်‌ပေါက်ကျေးရွာရှိ ဆည်ပေါက်ချောင်းရေ မိုးများပြီး ကားလမ်းပေါ်သို့ ရေကြီးရေလျှံမှုဖြစ်ပြီး ခရီးသည်များလိုက်ပါစီးနှင်းလာတဲ့ ကားတစီး ရေစီးနဲ့မျှောပါမှုဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်များ ...

ဆက်ဖတ်ရန်